
ပုသိမ် ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလားခြောက်ခရိုင်အမျိုးသား၊အမျိုးသမီး ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဟုတ် ဝမ်က ရိုးရာခြင်းလုံးနှင့်အလံကို ပေးအပ်သည်။ ယင်းနောက် ရိုးရာခြင်းလုံး နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင် အောင်မျိုးမြင့် (ဟင်္သာတ)၊ အောင်ဇော်လင်း (ဓနုဖြူ)၊ ကောင်းမြတ်သီဟ (မြန်အောင်)၊ မမင်းမင်းစိုး (မြန်အောင်)၊ မသင်းသင်းနိုင် (လပွတ္တာ)၊ ဧရာဝတီတိုင်း လက်ရွေးစင် မမှုံနံ့သာတို့က “ပြည်ထောင်စု နှလုံးသား” မြန်မာ့ရိုးရာခြင်းလုံး ကစားကွက် ဆန်းဖြင့် ပြသကြသည်။
မြောင်းမြခရိုင်မှ အမျိုးသား/အမျိုးသမီးအသင်းနှင့် ပုသိမ်ခရိုင် အသင်းတို့မှ စတင်ယှဉ်ပြိုင်ခဲ့မှု များကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြန်မာ့အလင်း