ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

 

ဟိုင်းကြီးကျွန်း   မေ   ၁ 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်း မြို့၌  တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးတင်မောင်ဝင်း နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ   တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက  ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းဝင်းရှိ    မြကျွန်းသာဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အဆိုပါတွေ့ဆုံပွဲတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ် က   နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင်  လာမည့်ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ များအားလုံး ရာနှုန်းပြည့် ပညာသင်ကြားနိုင်စေရေး အတွက်    ပညာရေးဌာနနှင့် သက်ဆိုင်ရာအဖွဲ့များက   ဝိုင်းဝန်းဆောင်ရွက်ကြရန် ကျန်းမာရေးဌာနအနေဖြင့်  အသက် ၁၈ နှစ်အထက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးကို   ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး  ဆောင်ရွက်ကြ ရန်နှင့်  သွေးလွန်တုပ်ကွေးရောဂါ   ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရန်၊ လာမည့် ရွေးကောက်ပွဲတွင်  လူဦးရေစာရင်းမှန်ကန်စေရန် အတွက် လူဦးရေစာရင်းရေးသွင်းမှုများအား  ကြပ်မတ် ဆောင်ရွက်ကြရန်၊    စားရေရိက္ခာပေါများစေရေး အတွက် စပါးအထွက်နှုန်းတိုးအောင်   ဆောင်ရွက် ကြရန်နှင့်  စပါးအထွက်နှုန်း  မှန်ကန်စေရေးအတွက်  သေချာဂရုပြုဆောင်ရွက်ကြရန်စသည့် အကြောင်း အရာများကို   ဆွေးနွေးပြောကြားသည်။

 


ထို့နောက် တက်ရောက်လာသော  မြို့နယ်အဆင့် ဌာနဆိုင်ရာများက တင်ပြဆွေးနွေးပြီး  တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို   မှာကြား ကြောင်း သိရသည်။        

လှိုင်မျိုးအောင် (ပြန်/ဆက်)