
နေပြည်တော် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဒီဇင်ဘာ ၆ ရက် ကစပြီး ဟင်္သာတမြို့ရှိ နယ်မြေခံတပ်ရင်းတွင် စစ်သင်တန်း တက်ရမည်ဖြစ်ကြောင်း၊ ပြီးရင် ရှေ့တန်း ကို ပို့ခံရမည်ဖြစ်သည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေး မှူးများမှ နုတ်ထွက်စာတင်သော်လည်း ထွက်ခွင့် မရဟု သတင်းတု၊ သတင်းမှားများအား လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိ သည့် သတင်းတု၊ သတင်းမှားများသာဖြစ်ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များနှင့် ဟင်္သာတမြို့ နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ပြောကြားချက် အရသိရှိရသည်။
ပြည်ဖျက်မီဒီယာများမှ မီဒီယာကို အကြမ်းဖက် လက်နက်သဖွယ် အသုံးချကာ သတင်းတု၊ သတင်း မှားများကို ရေးသားဖော်ပြလျက်ရှိပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် တပ်မတော်အား ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်