ဧရာဝတီတိုင်းဒေသကြီး ဓမ္မစကူးလ်ဖောင်းဒေးရှင်းဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာစာရအား သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ထပ်ဆင့်ဆက်ကပ်

 

ရန်ကုန်     ဇူလိုင်   ၂၆


၂၀၂၄  ခုနှစ်  သာသနာဆိုင်ရာ သဒ္ဓမ္မဇောတိကဓဇ  ဘွဲ့တံဆိပ် တော်ဆက်ကပ်ခြင်း   ခံရသော ဒေးဒရဲမြို့  ပခုက္ကူမဟာဝိသုတာ ရာမနိကာယ တောကျောင်းတိုက် ကြီး၏   ပဓာနမဟာဝိနာယက၊ ဒေးဒရဲမြို့ တောကျောင်းနိကာယ သံဃပဝါရဏာဂိုဏ်းချုပ်၊ ဒေးဒရဲ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး   ဓမ္မ စကူးလ်   ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ဒေးဒရဲမျက်စိဆေးရုံ   စက္ခုဒါန ဦးဆောင်ဆရာတော်ဘဒ္ဒန္တပညာ စာရအား    ဂုဏဝိသိဋ္ဌပူဇာနှင့် စိန်ရတုပူဇာ ဗိမာန်တော်ရေစက်ချမင်္ဂလာအခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ဒေးဒရဲမြို့ အမှတ်(၁)ရပ်ကွက် တောကျောင်း တိုက်  ကုသလဂုဏ်ရည်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ဆရာတော် သံဃာ တော်များက ပရိတ်တရားတော် ရွတ်ဖတ်သရစ္ဇျာယ်ပြီး       ဧည့် ပရိသတ်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်    လှူဒါန်းကြသည်။ ထို့နောက်  လှူဒါန်းမှုအစုစုတို့ အတွက် နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇထံမှ ရေစက်ချ  တရားနာယူကြသည်။    ၂၀၂၄  ခုနှစ် နိုင်ငံတော်အစိုးရက ချီးမြှင့် သည့်  သာသနာပြု   ဘွဲ့တံဆိပ် တော်ကို ဒေးဒရဲမြို့နယ် အုပ်ချုပ် ရေးမှူး    ဦးမျိုးကျော်ကျော်နှင့်   အဖွဲ့ဝင် (၁)  ဗိုလ်မှူးမွန်မြတ်သူစိုး တို့က ဆရာတော်ဘဒ္ဒန္တပညာစာရ အား ထပ်ဆင့်ဂုဏ်ပြု ဆက်ကပ် ကြောင်း သိရသည်။

မြန်မာ့အလင်း