ဧရာဝတီမြစ်ရေကျဆင်းချိန် မြန်အောင်မြို့နယ်၌ ကမ်းပြိုမှုများဖြစ်ပေါ်

 

မြန်အောင်   ဇူလိုင်   ၃၀
ဧရာဝတီမြစ်ရေကျဆင်းချိန်       မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၊ မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ အကြား၌ ယမန်နေ့က အလျား ပေ ၁၀၀ ခန့်၊ အနံ သုံးပေခန့် ကမ်းပြိုမှုဖြစ်ပေါ်ကြောင်းသိရသည်။
ဧရာဝတီမြစ်ရေသည် မြန်အောင်မြို့၏   စိုးရိမ် ရေမှတ်အောက်သို့      ပြန်လည်ကျဆင်းနေပြီး မြန်အောင်တာမိုင် ၆/၃ နှင့်   ၆/၄ အကြားတွင် မြေသား အက်ကြောင်းများဖြစ်ပေါ်ပြီး အလျား ပေ ၁၀၀ ကျော် ခန့်၊  အနံ သုံးပေကျော်ခန့်   ပြိုကျခဲ့သည်။   အဆိုပါ ကမ်းပြိုမှုဖြစ်ပွားနေသောနေရာအနီး၌  မြေသား အက်ကြောင်းများလည်း     ထပ်မံဖြစ်ပေါ်လျက် ရှိကြောင်း ဒေသခံများထံမှသိရသည်။
ဧရာဝတီမြစ်ရေကျဆင်းလာချိန်    ကမ်းပြိုမှု ဖြစ်ပေါ်နေသော မကျီးစုရေကာတာကို   ယခုနှစ် မိုးရာသီအတွင်း   တာကျိုးတာပေါက်မှုမဖြစ်စေရန် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  စီမံမှုဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်   ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနနှင့်     သက်ဆိုင်ရာဌာနများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများဖြင့်   ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)