
ရန်ကုန် ဧပြီ ၃၀
အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ(POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ဧပြီလအတွင်း ကိုရီးယား သမ္မတနိုင်ငံသို့ E-9 ဗီဇာဖြင့် EPS လုပ်သားစုစုပေါင်း ၄၂၁ ဦး စေလွှတ် ခဲ့ကြောင်း ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
ကိုရီးယားသမ္မတ နိုင်ငံသို့ E-9 ဗီဇာဖြင့်စေလွှတ်ခဲ့သည့် EPS လုပ်သားများအနက် ကုန်ထုတ် လုပ်သားသစ် ၁၇၃ ဦးနှင့် ဆောက် လုပ်ရေးလုပ်သားသစ် ခြောက်ဦး စုစုပေါင်းလုပ်သား ၁၇၉ ဦးသည် ဧပြီ ၃၀ ရက်တွင် ရန်ကုန်မြို့ မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) နှင့် ကိုရီးယား လေကြောင်းလိုင်း KE 490 ခရီးစဉ် တို့ဖြင့် အသီးသီးရောက်ရှိခဲ့ရာ မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ် သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာ သင့်သည့်အချက်များကို မှာကြား ခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုး ပေးခဲ့ကြောင်းလည်း သိရသည်။
ထို့အတူ ဧပြီ ၉ ရက်ကလည်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၇၂ဦးနှင့် ဆောက်လုပ်ရေး လုပ်သား ၂၁ ဦး စုစုပေါင်းလုပ်သား ၁၉၃ ဦးသည် ရန်ကုန်မြို့မှ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာအမျိုးသား လေကြောင်း လိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။
ကိုရီးယား သမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မတ်လအတွင်း စုစုပေါင်း ၈၆၂ ဦးရောက်ရှိခဲ့ပြီး ယင်းကဲ့သို့ စေလွှတ်ခဲ့သည့် မြန်မာလုပ်သား များတွင် စိုက်ပျိုးရေးနှင့်မွေးမြူ ရေးလုပ်သားသစ်၊ ဆောက်လုပ် ရေးလုပ်သားသစ်၊ ကုန်ထုတ်လုပ် သားသစ် အစရှိသဖြင့် ပါဝင် ကြောင်းလည်း သံရုံး၏ထုတ်ပြန် ထားသည့်စာရင်းများအရ သိရ သည်။
ထို့အတူ ဖေဖော်ဝါရီလ အတွင်းကလည်း ကိုရီးယား သမ္မတနိုင်ငံသို့ E-9 ဗီဇာဖြင့် EPS လုပ်သား စုစုပေါင်း ၁၃၃၃ ဦး စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သံရုံးက အသိပေးထုတ်ပြန်ထား သည်။
၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် သတ္တမအကြိမ်မြောက် အမှတ်ပေး စနစ် အလုပ်ခန့်ထားမည့်စနစ်ဖြင့် (၁၆)ကြိမ်မြောက် ကိုရီးယား ဘာသာ အရည်အချင်းစစ်စာမေး ပွဲတွင် မြန်မာနိုင်ငံမှ လုပ်သားများ အား ကိုရီးယားသမ္မတနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်းအတွက် တိုးချဲ့ ခေါ်ယူမည်ဖြစ်ပြီး အဆိုပါလုပ်ငန်း အတွက် ကျား/မ မရွေးဝင်ရောက် ဖြေဆိုခွင့် ရရှိမည်ဖြစ်ကြောင်း နှင့် ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုမည့် အမျိုးသမီး များသည် ပညာအရည်အချင်း အနည်းဆုံး အခြေခံပညာအထက် တန်းအောင်မြင်ပြီးသူဖြစ်ရမည်ဟုလည်း သိရသည်။
ပထမအကြိမ်အဖြစ် အမျိုး သမီး စတင်ခေါ်ယူရာတွင် စိတ်ဝင် စားမှုများပြားကြကြောင်းလည်း သင်တန်းကျောင်းများထံမှ သိရ သည်။
MT