
ရန်ကုန် ဒီဇင်ဘာ ၃၀
အပြည်ပြည်ဆိုင်ရာ ဟော်ကီအဖွဲ့ ချုပ်၊ အာရှဟော်ကီအဖွဲ့ချုပ်တို့၏ မြန်မာ့ဟော်ကီအားကစား ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်တစ်ခု ဖြစ် သော Elite Youth Player Deve-lopment Coaching Course Level-1 ဟော်ကီနည်းပြသင်တန်း ဆင်းပွဲကို ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ သိမ်ဖြူဟော်ကီ မြက်ခင်းတုကွင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် သင်တန်း နည်းပြဆရာ Mr. Shiv Sharan Singh Jagday ၊ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစော လုလုထော်နှင့် တာဝန်ရှိသူများ က သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ထို့နောက် မြန်မာ နိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောလုလုထော်က တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဟော်ကီအသင်း များအတွက် ဟော်ကီတုတ်တံများ နှင့်ဘောလုံးများကို သင်တန်းဆင်း နည်းပြများထံ ထောက်ပံ့ပေးအပ် ပြီး တက်ရောက်လာသူများနှင့် သင်တန်းသားများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းသင်တန်းကို ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ် ခဲ့ပြီး ကနေဒါနိုင်ငံသား Mr. Shiv Sharan Singh Jagday က သင်တန်းနည်းပြအဖြစ် ဆောင် ရွက်ကာ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်သည် မျိုးဆက် သစ်လူငယ် ဟော်ကီအားကစား သမားများကို အခြေခံဟော်ကီ အားကစားနည်းများ တတ်ကျွမ်း အောင် သင်ကြားပေးနိုင်မည့် နည်းပြဆရာကောင်းများ ထွက် ပေါ်လာစေရန် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ပြီး မြန်မာ့ဟော်ကီ အားကစားနည်း ဖွံ့ဖြိုးတိုးတက် ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် နည်းပြ သင်တန်း ဖွင့်လှစ်ခြင်းဖြစ် သည်။
ကိုညီလေး၊ ဓာတ်ပုံ-MHF