E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းများမှ တာဝန်ရှိသူတို့၏ရင်တွင်းစကားသံများ

 

ရန်ကုန်    ဇန်နဝါရီ     ၆
ရန်ကုန်မြို့   မရမ်းကုန်းမြို့နယ်   မင်းဓမ္မလမ်းနှင့်     ကျိုက်ဝိုင်းဘုရား လမ်းထောင့်ရှိ   MSME Center  ခန်းမ၌  စက်မှုဝန်ကြီးဌာန စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ  ကြီးမှူး၍ အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် (MSME)ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ပိုမိုကျယ်ပြန့်စွာ   ရရှိစေရန်နှင့် Digital စနစ်တွင် လိုက်ပါဆောင်ရွက်နိုင်ရန် E- Market Platform ပေါ်ရှိ  MSME ထုတ်ကုန်အရောင်းပြခန်းများနှင့် ပွဲအခမ်း အနားကို  ဇန်နဝါရီ ၆ ရက်  နံနက်ပိုင်းတွင် ကျင်းပရာ  အဆိုပါပြပွဲမှ MSME လုပ်ငန်းများ အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြသည့် တာဝန်ရှိသူများနှင့်  စီးပွားရေးလုပ်ငန်းရှင်တို့၏ ရင်တွင်းစကားသံများ ကို  စုစည်းတင်ပြလိုက်ပါသည်။
ဦးသိန်းဆွေ (စက်မှုကြီးကြပ်ရေး
နှင့်စစ်ဆေးရေးဦးစီးဌာန၊ 
ညွှန်ကြားရေးမှူးချုပ်)
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ စတင် ပြီး ကျွန်တော်တို့ MSME လုပ်ငန်း တွေက ထုတ်ကုန်တွေကို အွန်လိုင်း ကနေ အားလုံးပါဝင်ပြီး ရောင်းချဖို့ One Stop Service အနေနဲ့ E- Market Platform ကို တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ ဝယ်ယူသူများက    မြေပြင်မှာ ‌ရွေးချယ်ဝယ်ယူလိုတဲ့   ဆန္ဒတွေ၊ တောင်းဆိုတာတွေ     ရှိလာတာ ကြောင့် E-Market Platform ပေါ် မှာ ရောင်းချနေတဲ့ လုပ်ငန်းရှင်တွေ ရဲ့ ထုတ်ကုန်များကို တစ်စုတစ်စည်း တည်း ပြသရောင်းချနိုင်ဖို့ Show room ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။  အွန်လိုင်းပေါ်က  ရောင်းချနေတာ ၂၁၁ ဦးမှာ ၁၁၇ ဦးက ယနေ့မှာ ပြသရောင်းချတာပါ။   ထုတ်ကုန် အမယ်ပေါင်း ၉၀၆ မျိုး ရှိပါတယ်။ 
MSME ဟာ နိုင်ငံစီးပွားမြှင့်တင် တဲ့နေရာမှာ အဓိကမောင်းနှင်အား ဖြစ်ပါတယ်။   လုပ်ငန်းကြီးတွေ ဆိုတာ မျိုးစုံသော  ပြောင်းလွယ် ပြင်လွယ်လုပ်ဖို့ဆိုတာ  ခက်ခဲမှုရှိ ပါတယ်။   MSME   လုပ်ငန်းငယ် တွေဆိုရင်    ပြောင်းတာပြင်တာ လုပ်ဆောင်မှုမှာ လျင်မြန်လွယ်ကူ ပါတယ်။ လုပ်ငန်းကြီးတွေထက် အားသာတဲ့အချက်ပါ။ တိုင်းပြည် ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိတဲ့ MSME လုပ်ငန်းများ      ဖွံ့ဖြိုးတိုးတက် အောင် နည်းပညာပေးရမလား၊ ဈေးကွက်    ရှာဖွေပေးရမလား၊ ငွေကြေးအရင်းအနှီး ရှာဖွေပေးရ မလား၊ အခြားဘာတွေ အခက်အခဲ ရှိနေလဲ၊      ဒီအခက်အခဲတွေကို ကျွန်တော်တို့  ဝိုင်းဝန်းပြီး ကူညီ ဆောင်ရွက်ပေးလိုက်မယ်ဆိုရင် MSME   တွေရဲ့ကဏ္ဍဟာ     ဖွံ့ဖြိုး တိုးတက်လာမှာ      ဖြစ်ပါတယ်။ MSME  ကဏ္ဍ    ဖွံ့ဖြိုးလာတယ် ဆိုတာ နိုင်ငံရဲ့ ထုတ်ကုန်မြင့်တက် လာတာဖြစ်တာကြောင့် နိုင်ငံရဲ့ GDP တိုးတက်မြင့်မားခြင်းပဲ ဖြစ် ပါတယ်။   ဒါကြောင့်    နိုင်ငံစီးပွား မြှင့်တင်ရေးမှာ MSME ကဏ္ဍတွေ ကို     အားပေးရမှာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် ပါဝင်ပြီး  ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ကလည်း MSME ဖွံ့ဖြိုးတိုးတက် ရေးနဲ့     ပတ်သက်ပြီး    နိုင်ငံတော် ဝန်ကြီးချုပ်     လမ်းညွှန်ချက်နဲ့ အညီ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအပေါ်မှာ  ဖွံ့ဖြိုး တိုးတက်လာအောင်   မရပ်မနား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးဝင်းမြင့်အောင်
(သဘာဝထုတ်ကုန်လုပ်ငန်းရှင်)
လွန်ခဲ့တဲ့နှစ်   ၂၀  က    အခု လုပ်ငန်းကို  ပျိုးထောင်ခဲ့တာပါ။ အခုလို     ထုတ်ကုန်ပြပွဲဆိုတာ မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ် တာဖြစ်တဲ့အတွက်     ဝမ်းသာ ဂုဏ်ယူဖို့လည်း ကောင်းပါတယ်။ ကျွန်တော်တို့  ထုတ်ကုန်တွေကို မြန်မာပြည်တွင်းမှာလည်း မသိ ကြတာ  ရှိတယ်။   အခုလိုပွဲမျိုးကို ကျင်းပပေးတဲ့အတွက် လုပ်ငန်းရှင် အချင်းချင်းလည်း  ချိတ်ဆက်မိပြီး ဆွေးနွေးတိုင်ပင်လို့ ရသွားတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူသုံး ကုန်ပစ္စည်းနဲ့    အစားအသောက် တွေ   ထုတ်လုပ်ဖို့   အခွင့်အလမ်း တွေ ရစေပါတယ်။ 
သဘာဝ    ခေါင်းလျှော်ရည်၊ တရော်ကင်ပွန်း၊ ဆံပင်သန်ဆေး၊ စပါးလင်ခြင်ဆေး၊    ‌ရေဆိုးသန့်စင် ဆေးရည်တို့ကို       ပြည်တွင်းက သဘာဝပစ္စည်းတွေနဲ့     ထုတ်လုပ် ဖြန့်ဖြူးနေပါတယ်။ ပြည်ပပို့ကုန် အဖြစ်        ထုတ်လုပ်တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်။   ပြည်ပကို မြန်မာ့ထုတ်ကုန်တွေကို   ပြသဖို့ လည်း   စိတ်အားထက်သန်နေပါ တယ်။ မြန်မာနိုင်ငံကုန်ပစ္စည်းတွေ ကို ထုတ်လုပ်မယ်ဆိုရင် အသေး စား     စက်မှုလက်မှုလုပ်ငန်းမှာ မှတ်ပုံတင်ဖို့လိုပါတယ်။    ပြီးရင် MSME  မှာ  Member  ဝင်ပြီးတော့ နိုင်ငံတော်စီးပွားရေး         ဖွံ့ဖြိုး တိုးတက်မှုမှာ  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ အားပေးပါတယ်။
ဦးမြင့်သိန်း
(ငှက်ပျောလျှော်လုပ်ငန်းရှင်)
ကျွန်တော်က ငှက်ပျောလျှော် ကနေ အင်္ကျီ၊ အိတ်၊ ဖိနပ်၊ ပိတ်စ ထုတ်လုပ်နေပါတယ်။ MSME နဲ့ ပြပွဲတွေ၊ လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်နေတာ    ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက ပြပွဲမှာ ကျွန်တော်ရဲ့    ထုတ်ကုန်တွေကို မိတ်ဆက်ပြသတာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်အချင်းချင်း  တွေ့ဆုံ ဆက်သွယ်မှု     ရရှိစေတဲ့အပြင်  E- Marketing ထုတ်ကုန်တွေကို ပြည်သူတွေသိပြီး       ဈေးကွက် ကျယ်ပြန့်လာစေတဲ့          အကျိုး ကျေးဇူးကိုလည်း ရရှိစေပါတယ်။ ငှက်ပျောက        ထုတ်လုပ်လို့ရတဲ့ ထုတ်ကုန်တွေကို မြို့ပေါင်း ၂၅ မြို့ မှာ       သင်တန်းပေးခဲ့ပြီးတော့ ယုံကြည်မှု   တည်ဆောက်နေတဲ့ ကာလဖြစ်တဲ့အတွက် ၂၀၂၄ ခုနှစ် မှာ ကျယ်ပြန့်တဲ့ ဈေးကွက်တစ်ခု ရအောင်      ကြိုးစားနေပါတယ်။ ပြည်ပပို့ကုန်အတွက်    ကျယ်ပြန့် တဲ့   ဈေးကွက်ရဖို့ဆိုရင်   အချိန် တစ်ခု     ယူရလိမ့်မယ်လို့     ထင်ပါ တယ်။    ပိုပြီးကြိုးစားရဦးမှာပါ။ ငှက်ပျောလျှော်ကထုတ်တဲ့   ကုန် ပစ္စည်းတွေကို ထိုင်းနိုင်ငံ ချင်းမိုင် နဲ့ ကမ္ဘောဒီးယားကို တင်ပို့ဖို့ စီစဉ် နေတာရှိပါတယ်။         ဂျပန်ဆိုရင် လည်း နမူနာပစ္စည်းပို့ထားပြီးပါပြီ။
MSME       လုပ်ငန်းရှင်တွေ လိုအပ်နေတာက          နည်းပညာနဲ့ ငွေကြေးပံ့ပိုးမှုပါ။      နည်းပညာ အားနည်းရင် ပြည်ပကို ထိုးဖောက် ဖို့၊        တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်ဖို့           မလွယ်ပါဘူး။ စျေးကွက်   ကျယ်ပြန့်ဖို့အတွက် စွန့်ဦးတီထွင်ရတာ ဖြစ်တာကြောင့်       ငွေကြေးလိုအပ်ချက်   ရှိတယ်လို့ ဆိုတာပါ။  ဒီနေ့ပွဲဟာ  ပထမဆုံး စတင်မိတ်ဆက်တာ  ဖြစ်ပေမယ့် စိတ်ဝင်တစားလာကြတာ   များ တယ်။   ပိုမိုကျယ်ပြန့်စည်ကားဖို့ ဆိုရင်       ပွင့်လင်းမြင်သာပြီး လွတ်လပ်တဲ့ ဝယ်ယူရောင်းဝယ် ခွင့်နဲ့    အများပြည်သူ   ဝင်ထွက် သွားလာမှု အဆင်ပြေတဲ့ အခြေ အနေတစ်ခုဆိုရင် ဝယ်ယူမှု ပိုပြီး များလာမှာပါ။   အခုလို    MSME ထုတ်ကုန်တွေကို တစ်စုတစ်စည်း ထဲမှာ ပြသရောင်းချနိုင်တဲ့အတွက် နိုင်ငံတော်နဲ့   စက်မှုဝန်ကြီးဌာန ကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ဦးလှကြည် (သဘာဝဆေးဖက်ဝင် 
ကမ်းဇော်ဆီလုပ်ငန်းရှင်)
ကျွန်တော်က တနင်္သာရီတိုင်း ဒေသကြီးက   လုပ်ငန်းရှင်တစ်ဦး ပါ။ လွန်ခဲ့တဲ့ ၄ နှစ်က ထုတ်ကုန် ပြိုင်ပွဲမှာ  တိုင်းဒေသကြီးအနေနဲ့ ဆုရခဲ့ပြီး ဆုရထုတ်ကုန် ၁၀၀ မှာ‌ ရွေးချယ်ခံရတဲ့ သဘာဝဆေးဖက် ဝင် ကမ်းဇော်ဆီ၊ ပရုပ်ဆီ၊ဒဏ်ကြေ လိမ်းဆေးထုတ်ကုန်ကို ဒီနေ့မှာ ပြသတာပါ။   အခုလို   ပြသခွင့်ရတဲ့ အတွက် မိမိရဲ့ထုတ်ကုန်ကို ပိုမို သိရှိပြီးတော့ သဘာဝထုတ်ကုန် ဖြစ်တာကြောင့်    အာနိသင်ရှိရှိ သုံးစေချင်ပါတယ်။ ပြသခွင့်ရအောင် စီမံဆောင်ရွက်ပေးတဲ့ ဌာနဆိုင်ရာ များနဲ့အားလုံးကို  ကျေးဇူးတင် ပါတယ်။ ၂၀၂၃ ခုနှစ်မှာ FDA က ထောက်ခံချက်ရဖို့ ကြိုးစားနေပြီး တော့ ပြည်ပပို့ကုန်အတွက်လည်း ပြင်ဆင်နေပါတယ်။        ပထမ ကမ်းဇော်ဆီကို   ရိုးရိုးပဲထုတ်ပြီး တော့      နောက်ပိုင်း    ဒဏ်ကြေ လိမ်းဆေး၊ ပရုပ်ဆီထုတ်ပါတယ်။ တန်ဖိုးမြှင့်အဖြစ် ခေါင်းလျှော်ရည်၊ အသားအလှဆီ၊   ဆပ်ပြာထုတ် လုပ်ပြီး ဈေးကွက်ချဲ့ထွင်ဖို့လည်း ရှိပါတယ်။ ကမ်းဇော်ဆီဟာ အနာ အကျက်မြန်ပြီး အစာအိမ်အူလမ်း ကြောင်းနဲ့ ပတ်သက်တာ၊ အရေ ပြားပေါ်က    အနာတွေက  အစ ပျောက်ကင်းပါတယ်။ သုတေသန ပြုလုပ်ထားတာ     မရှိပေမယ့် ကင်ဆာသမားတွေ ယုံကြည်စွာ သုံးစွဲနေတာ   ရှိပါတယ်။  အခုလို ပြပွဲမှာ ပြသနိုင်အောင် ကူညီပေး ခဲ့တဲ့       ဌာနဆိုင်ရာအားလုံးကို ကျေးဇူးတင်ပါတယ်။ 
ဒေါ်ခင်စန္ဒာငြိမ်း (ခါတော်မီ
တိုင်းရင်းဆေးနှင့်စားသောက်ကုန် 
လုပ်ငန်းရှင်)
MSME     ထုတ်ကုန်တွေကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပ ကိုလည်း ပို့နေပါတယ်။ ထုပ်ပိုးမှု အပိုင်းမှာ     ပြည်ပနိုင်ငံအချို့က မကြိုက်သေးတာရှိတယ်။ ဥရောပ ဆိုရင်  ဖန်ပစ္စည်းကို  အသုံးများ တယ်။  ဒီကပို့တဲ့   ပျားရည်ဆိုရင် ဖန်ပုလင်းနဲ့ ထုပ်ပိုးပြီး တင်ပို့နိုင် ရင် ဈေးကွက်ပိုလှတာသိပေမယ့် ထုပ်ပိုးပစ္စည်း ထုတ်လုပ်ဖို့ အခက် အခဲရှိတယ်။   ပြင်သစ်ကို   ပို့တဲ့ မြန်မာ့ပျားသံပရာဆိုရင် ပေါင်မုန့် နဲ့  တို့စားတယ်၊  ဖျော်စားတယ်။ တောင်ပေါ်သီးမွှေး ပျားရည်လည်း ထုတ်ပါတယ်။    ပြည်ပပို့ကုန်မှာ နိုင်ငံခြားသားတွေက  လက်ဖက် ခြောက်မှာ   စံပယ်ပန်း၊   ကြာဖူး၊ ကြာပန်း၊ ဂန္ဓမာပန်း၊ ကံ့ကော်ပန်း၊ သံမနိုင်ကျောက်မနိုင်၊  တောင်ဆီး ဖြူ၊ ကြက်သဟင်း၊ ရှောက်ရွက်၊ ကြာသီးရနံ့တို့ကိုလည်း    ကြိုက် ကြတယ်။ 
ပြည်ပပို့ကုန်ကနေ နိုင်ငံစီးပွား မြှင့်တင်ရေးကို အထောက်အကူပြု တဲ့အတွက် MSME ထုတ်ကုန်တွေ ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်စေ ချင်ပါတယ်။    ထုတ်ကုန်အရည် အသွေးကောင်းသော်လည်း ပါကင် ထုပ်ပိုးမှု စက်ပစ္စည်းလိုအပ်ချက် တွေရှိနေပါတယ်။ ကျွန်မတို့ နိုင်ငံ က MSME လုပ်ငန်းမှာ ထုတ်ကုန် တွေကို အတော်များများ ထုတ်နိုင် ကြတယ်။        အကုန်လုံးလည်း ကြိုးစားကြတယ်။ အာရှမှာဆိုရင် နိုင်ငံ     တော်တော်များများမှာ ထုတ်ကုန်ပစ္စည်းတွေ ဈေးကွက် မှာ  ရှားလာပြီးတော့ ဈေးလည်း ကြီးလာတယ်။    မြန်မာနိုင်ငံက ပစ္စည်းက ဈေးနှုန်းသက်သာနေတဲ့ အတွက် စားသုံးသူအတွက် အဆင် ပြေနေတယ်။ အခုလို ပြပွဲဖွင့်လှစ် ပြသနိုင်အောင် ဆောင်ရွက်ပေးတဲ့  အကြီးအကဲတွေအားလုံး၊   စက်မှု ဝန်ကြီးဌာနနဲ့ FDA က ဆရာ ဆရာမ တွေ၊ အသင်းအဖွဲ့တွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ 
ဒေါ်ဇင်ခိုင်မြင့် (ငှက်ပျောသီး၊ 
ငှက်ပျောခြောက်လုပ်ငန်းရှင်)
ကျွန်မက ပြည်ပကမျိုးယူတဲ့သီးမွှေးငှက်ပျောသီးကို  စိုက်ပြီး ပြည်ပကို ရေလမ်းကြောင်းကနေ ပို့ပါတယ်။   ပြီးတော့   ငှက်ပျော ခြောက်မျိုးစုံလည်း ထုတ်ပါတယ်။ ငှက်‌ပျောအစိမ်းကြော်၊   အမှ့ည် ကြော်၊ ဖီးကြမ်းကြော်ဆိုပြီးလည်း ထုတ်ပါတယ်။ ဖိလစ်ပိုင်က မျိုးယူ ကာ    ဧရာဝတီတိုင်း   ကျုံပျော် မှာ     စိုက်ပျိုးထုတ်လုပ်ပြီးတော့ အအေးခန်းနဲ့ နိုင်ငံခြားကို ပထမ ဆုံးငှက်ပျောသီး      တင်ပို့ခဲ့တာ ပါ။    ကုန်စည်ပို့ဆောင်တဲ့အခါ မှာ     လမ်းပန်းဆက်သွယ်ရေးနဲ့ သွားလာရေးဟာလည်း အရေးကြီး ပါတယ်။   ကွန်တိန်နာ  ပေ  ၄၀ ဖြတ်သန်းဖို့၊    ၅  တန်အထက် ဖြတ်သန်းနိုင်ဖို့အတွက် ကွေ့ပတ် ပြီး သယ်ဆောင်ရတာတွေလည်း ရှိတယ်။     ငှက်ပျောခြံဘေးမှာပဲ အအေးခန်း      ထားရှိတာဖြစ်တဲ့ အတွက် လျှပ်စစ်အခက်အခဲလည်း ရှိနေပါတယ်။ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်ငန်း ရှင်နဲ့    ဌာနဆိုင်ရာ    တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့   လိုပါတယ်။ လက်တွေ့         လုပ်ဆောင်နေတဲ့ တောင်သူတွေ၊ လုပ်ငန်းရှင်တွေနဲ့ အခုလို  တွေ့ဆုံဖို့  တကယ်လိုပါ တယ်။   ဒါမှသာ  လိုအပ်ချက်ကို တင်ပြဆွေးနွေးလို့      ရမှာပါ။ စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာ နိုင်ငံမှာ     မြေယာများစွာရှိနေတဲ့ အတွက်   တောင်သူတွေအနေနဲ့ စီးပွားဖြစ်      လုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်သင့်တယ်။ 
စင်ကာပူ၊ မလေးရှား၊ တောင် ကိုရီးယားကို ငှက်ပျောသီးတင်ပို့ တဲ့အခါမှာလည်း ကုန်စည်စီးဆင်း မှု မြန်ဆန်အောင်၊ ဈေးကွက် ပိုမို ခိုင်မာအောင် စီမံဆောင်ရွက်မှုနဲ့ အတူ  အရည်အသွေးကောင်းတဲ့ ကုန်ကို တင်ပို့နိုင်ခြင်းဟာ နိုင်ငံရဲ့ MSME လုပ်ငန်းတွေ ပိုမိုအောင်မြင် တိုးတက်လာမယ့်     လမ်းစတွေ လည်း   ဖြစ်ပါတယ်။    ဒီနေ့ပွဲကို လုပ်ဆောင်ပေးတဲ့       အတွက် ပြည်သူသိသွားပြီ၊ ပြည်ပသိအောင် ဆက်လက်   လုပ်ဆောင်ဖို့လည်း လိုပါတယ်။  အခုလို  ကျင်းပပေး တဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
တွေ့ဆုံမေးမြန်း - ညိမ်းသူ 
(သတင်းစဉ်)၊ ဓာတ်ပုံ - ရဲထွဋ်