ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ် - အာဆီယံ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတက်ရောက်

 

နေပြည်တော်   နိုဝင်ဘာ  ၂  
တရုတ်ပြည်သူ့     သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုင်ဝင်ဘာ ၁ ရက်က ကျင်းပသည့်   (၅) ကြိမ်မြောက် တရုတ် - အာဆီယံ  ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု  ဆွေးနွေးပွဲ သို့      ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့်    ဒုတိယရှေ့နေ ချုပ်      ဒေါက်တာ  ထိန်လင်းဦး  ဦးဆောင်သည့်     မြန်မာကိုယ်စား လှယ်အဖွဲ့      တက်ရောက်ခဲ့ သည်။
 အဆိုပါ    အစည်းအဝေးသို့ ချုံချင့်မြူနီစီပယ်      ကော်မတီ၏ နိုင်ငံရေးနှင့်          ဥပဒေရေးရာ ကော်မတီအတွင်းရေးမှူး      Lu Kehua ၊      တရုတ်ဥပဒေအဖွဲ့ အစည်း၏     ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး   Zhang Mingqi ၊   အနောက်တောင်ပိုင်း      နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ Lin Wei ၊   ကမ္ဘောဒီးယား၊   လာအို၊    အင်ဒိုနီးရှားနိုင်ငံတို့မှ    တရား လွှတ်တော်ချုပ်ရုံး  တရားသူကြီး များ၊    အာဆီယံနိုင်ငံများနှင့်   တရုတ်နိုင်ငံတို့မှ   ဥပဒေပညာရှင် များ၊  နိုင်ငံခြားပညာတော်သင် ကျောင်းသူ    ကျောင်းသားများ တက်ရောက်ကြသည်။


 ဥပဒေရေးရာ  ဝန်ကြီးဌာနနှင့် တရုတ် - အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာ     တို့အကြား အဓိကကျပြီး ခိုင်မာသည့် ဥပဒေ ရေးရာ ပူးပေါင်းဆောင်ရွက်မှုများ အဖြစ်   ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများကို     အနောက် တောင်ပိုင်း       နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်     (Southwest University    of     Political Science and Law)  သို့  ပညာ တော်သင်များ    စေလွှတ်ခြင်း၊ တရုတ် - အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာနှင့်    ဥပဒေ ရေးရာဝန်ကြီးဌာန   တို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက် မှုနှင့်    ဥပဒေရေးရာသုတေသန လုပ်ငန်းစီမံကိန်းများ    နားလည် မှုစာချွန်လွှာကို    ၂၀၂၃    ခုနှစ်  ဇူလိုင်လအတွင်း       လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။     
 

သတင်းစဉ်