
နေပြည်တော် ဇွန် ၁၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက် ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပ သည့် (၂၆) ကြိမ်မြောက် စိန့်ပီတာ စဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (26th St. Petersburg Internat-ional Economic Forum)သို့ တက်ရောက်ကြသည်။
မြန်မာကိုယ်စားလှယ် အဖွဲ့ သည် ရုရှားပတ်ဝန်းကျင်ဆိုင်ရာ ဌာန အထွေထွေညွှန်ကြားရေးမှူး မစ္စတာ ဒန်းနစ်ဘတ်စေးအိဗ်နှင့် အဖွဲ့အား ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကြား လူ့ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ကို ထိခိုက်စေသော သက်ရောက်မှု များကို တားဆီးရန်၊ စွမ်းအင်ထုတ် လုပ်ရန်အတွက် စွန့်ပစ်ပစ္စည်း များကို ပြန်လည်အသုံးပြုနိုင်ရန်၊ မြူနီစပယ် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုစနစ် ဖွံ့ဖြိုးတိုးတက် စေရန်နှင့် မြန်မာနိုင်ငံရှိ စွန့်ပစ် ပစ္စည်းများအား အမျိုးအစား ခွဲခြားခြင်းဆိုင်ရာ စီမံကိန်းများ တွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှား-အာဆီယံ စီးပွား ရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အိုင်ဗီယန် ဗီတိုရိုဗစ်ရှ် ပိုလီရာ ကော့ဗ်နှင့် ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံပြီး ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ဆောင်ရွက်လျက်ရှိသည့် စီးပွား ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ သည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် (၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတမစ္စတာ ဗလာဒီမာပူတင် နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ အက်ဘ်ဒယ်လ်မက်ဂျစ်ဒ် တက်ဘ် ဘုန်းတို့က အဖွင့်မိန့်ခွန်း ပြောကြားကြပြီး ရုရှားနိုင်ငံနှင့် ကမ္ဘာ့မျက်မှောက်ရေးရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ကြသည်။
ယင်းဖိုရမ်သို့ နိုင်ငံပေါင်း ၁၃၀ မှ ဧည့်သည်တော် ပေါင်း ၁၇၀၀၀ ကျော် တက်ရောက်ကြသည်။
စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ကမ္ဘာ့ စီးပွားရေးစိန်ခေါ်မှုများကို အဓိက ထားဆွေးနွေးသည့် အစီအစဉ် တစ်ခုဖြစ်ကာ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေ့ အကျင့်ကောင်းများနှင့် ကျွမ်းကျင် မှုများကို ဖလှယ်ရန်၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကြား လက်တွေ့ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တွေ့ကြုံရသည့် အခက်အခဲများနှင့် စိန်ခေါ်မှု များကို အမြင်ချင်းဖလှယ်ခြင်းဖြင့် အပြန်အလှန် အကျိုးကျေးဇူးရရှိ စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
(၂၆)ကြိမ်မြောက် စိန့်ပီတာ စဘတ် နိုင်ငံတကာစီးပွားရေး ဖိုရမ်သို့ ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပုဂ္ဂလိကဘဏ် များမှ ကိုယ်စားလှယ် ၂၄ ဦး ပါဝင် တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် စီးပွားရေးအဖွဲ့ အစည်းများနှင့်တွေ့ဆုံ၍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်