
နေပြည်တော် မေ ၃၀
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီး မြို့ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ပြည်နယ်ရုံး)သို့ သွားရောက်၍ ဝန်ကြီး ဌာနလက်အောက်မှ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနနှင့် ပင်စင်ဦးစီးဌာနတို့မှ ဝန်ထမ်း များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် စီမံကိန်းလျာထား ချက်များအား အောင်မြင်စွာ အကောင် အထည်ဖော်ရေးနှင့် စစ်ဆေးကြပ်မတ် ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီ သော ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်သည့် အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ရေး၊ ဝန်ထမ်းများ အနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ရေးနှင့် ပြည်နယ် အစိုးရအဖွဲ့၊ အခြားသော ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် ဌာနများမှ တင်ပြလာသော ဝန်ထမ်းရေးရာကိစ္စရပ်များ၊ သက်သာ ချောင်ချိရေးကိစ္စရပ်များ၊ လုပ်ငန်းဆောင် ရွက်မှု အခြေအနေများကို ပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်