
နေပြည်တော် မေ ၉
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံး အမှတ် (၂၆) ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၌ ကျင်းပသည့် နိုင်ငံတော် အတွက် ရရန်ရှိသည့်အခွန်များ မှန်မှန်ကန်ကန် ရရှိနိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်သည်။ (ယာပုံ)
တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်၊ ဦးမင်းနောင်၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ဦးမောင်မောင်ဝင်း၊ ဦးထွန်းအုံ၊ ဦးသန့်စင်နှင့် သက်ဆိုင်ရာဌာန အကြီးအကဲများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက ၂၀၂၂ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေအရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့် ပြည်ထောင်စု၏ သုံးလပတ်အလိုက် အခွန်ရငွေ ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ လည်းကောင်း၊ ခြောက်လပတ် အလိုက်အခွန်ရငွေကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ လည်း ကောင်း အစီရင်ခံတင်ပြလျက်ရှိ ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် တတိယသုံးလပတ် နိုင်ငံတော် ၏ အခွန်ရငွေစာရင်းများ တင်ပြမှု နှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတော်အတွက် ရရန်ရှိသည့် အခွန်များ မှန်မှန်ကန်ကန်ရရှိရန် လိုအပ်သဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားမှုပြုခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ် နိုင်ငံတော်၏ အခွန်ရငွေစာရင်းများတွင် အခွန် အကောက်ရငွေ လျာထားချက် ထက် ကျော်လွန်ကောက်ခံနိုင် သော ဝန်ကြီးဌာနများရှိသကဲ့သို့ လျာထားချက် ပြည့်မီအောင် ကောက်ခံနိုင်ခြင်း မရှိသည့် ဝန်ကြီးဌာနအချို့လည်းရှိနေသည် ကို စိစစ်တွေ့ရှိရကြောင်း။
ကြိုးပမ်းဆောင်ရွက်
ယနေ့ အစည်းအဝေးတွင် လျာထားချက် ပြည့်မီအောင် ကောက်ခံနိုင်ခြင်း မရှိသည့် ဝန်ကြီးဌာနများအနေဖြင့် အခွန် ရငွေလျော့နည်းရသည့်အကြောင်း ရင်းများကို စိစစ်ဖော်ထုတ်၍ လာမည့် ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက်ရငွေများ မှန်မှန် ကန်ကန်နှင့် အပြည့်အဝကောက်ခံ ရရှိနိုင်ရေးအတွက် ဆောင်ရွက် သင့်သည့်အစီအမံများကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးကြစေလို ကြောင်း၊ နိုင်ငံတော်၏ဝင်ငွေကို ရှာဖွေရာတွင် အခွန်စည်းကြပ် ကောက်ခံရေးသည် အဓိကကျ သည့်အတွက် နိုင်ငံတော်အတွက် အခွန် ကောက်ခံပေးနေသော ဝန်ကြီးဌာနများအားလုံးအနေဖြင့် အားနည်းချက်များကို ပြုပြင်ကာ လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန် အကောက်များကို လျာထား ချက်များနှင့်အညီ မှန်မှန်ကန်ကန် နှင့် အပြည့်အဝကောက်ခံရရှိနိုင် ရေး ကြိုးပမ်းဆောင်ရွက်သွားကြ ရန် အလေးအနက် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ညှိနှိုင်းဆွေးနွေး
ထို့နောက် တက်ရောက်လာ ကြသော ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက အခွန် အကောက်များကို လျာထားချက် ပြည့်မီအောင် ကောက်ခံရရှိနိုင် ရေးနှင့် အသုံးစရိတ်များကို လည်း လျာထားချက်များနှင့်အညီ ထိရောက်စွာသုံးစွဲနိုင်ရေးကိစ္စရပ် များကို ညှိနှိုင်းဆွေးနွေးကြသည်။
ဆွေးနွေးချက်များ အပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီးက သုံးသပ် ဆွေးနွေးပြီး ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေနှင့်အညီ နိုင်ငံတော်အတွက် ရရန်ရှိသည့် အခွန်များ မှန်မှန်ကန်ကန်ရရှိနိုင် ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူလျက် အခွန် ငွေများ အပြည့်အဝကောက်ခံရရှိ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်