ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့တို့ ဦးဆောင်၍ မြန်မာ - ရုရှား နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၁၄


ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့၏ ဖိတ်ကြားချက်အရ    ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့   အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိသည့် ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့ Tolmachevo အပြည်ပြည်ဆိုင်ရာ  လေဆိပ် သို့ စက်တင်ဘာ ၁၂ ရက်  ညပိုင်းတွင်ရောက်ရှိရာ လေဆိပ်၌ နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူ များက ကြိုဆိုကြသည်။


စက်တင်ဘာ  ၁၃  ရက် နံနက် ပိုင်းတွင်       ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး    ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် နိုဗိုစီဗစ်မြို့မှ     မော်စကိုမြို့ သို့    ထွက်ခွာရာ     မော်စကိုမြို့ Sheremetyevo     အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးလွင်ဦးနှင့်    မြန်မာသံရုံး ဝန်ထမ်းများ၊    ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန နှင့်  တတိယအာရှရေးရာဌာနတို့မှ တာဝန်ရှိသူများက   ကြိုဆိုခဲ့ကြ သည်။ 
ညနေပိုင်းတွင်  ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မော်စကိုမြို့ရှိ      မြန်မာသံရုံးသို့ သွားရောက်၍ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာသံရုံးမှ ဝန်ထမ်း များ၊ မိသားစုဝင်များနှင့်တွေ့ဆုံပြီး မြန်မာသံအမတ်ကြီးက တည်ခင်း ဧည့်ခံသည့်        ညစာစားပွဲသို့ တက်ရောက်သည်။


ယနေ့တွင်      မြန်မာ-ရုရှား နှစ်နိုင်ငံဆွေးနွေးပွဲကို       ရုရှား ဖက်ဒရေးရှင်းနိုင်ငံ   နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပရာ  ဆွေးနွေး ပွဲကို        ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်     ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့တို့က ပူးတွဲ     ဦးဆောင်ကျင်းပခဲ့ကြပြီး ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ  အန်ဒရေး  ရူဒန်ကာနှင့် မြန်မာနိုင်ငံခြားရေး   ဝန်ကြီးဌာန နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန တို့မှ  အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။


ဆွေးနွေးပွဲ၌   မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ စိန့်ပီတာစဘတ် မြို့နှင့်    နိုဗိုစီဗစ်မြို့တို့၌   မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးများ   ဖွင့်လှစ် ရေး၊   ကာကွယ်ရေး၊     လုံခြုံရေး၊ ခရီးသွားလုပ်ငန်းနှင့်      ပြည်သူ အချင်းအချင်း     ထိတွေ့ဆက်ဆံမှု၊ စီးပွားရေးနှင့်          ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊  စွမ်းအင်၊  စက်မှု၊ ပညာရေး၊    ပြန်ကြားရေး အစရှိ သည့်    ကဏ္ဍများတွင်   ပူးပေါင်း ဆောင်ရွက်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ကာလရှည်ကြာ      တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာ စေရေးနှင့် ဆောင်ရွက်ဆဲ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ   အရှိန် အဟုန်ဖြင့် တိုးတက်စေရေးကိစ္စရပ် များအပေါ်          ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်   ဆွေးနွေးခဲ့ကြ သည်။  


ဒုတိယဝန်ကြီးချုပ်နှင့်   ပြည် ထောင်စုဝန်ကြီးက      နှစ်နိုင်ငံ နှင့်        နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂ၌ မြန်မာ နိုင်ငံအပေါ်    ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏    မူအရ   ရပ်တည်ချက်၊ နားလည်မှုနှင့် ခိုင်မာစွာ ထောက်ခံ မှုများအပေါ်  မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး           ရုရှားနိုင်ငံမှ ကိုဗစ်-၁၉   ကပ်ရောဂါကာလ အတွင်း ကိုဗစ်ကာကွယ်ဆေးများ လှူဒါန်းခဲ့ခြင်းနှင့်   ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်တွင်   မိုခါ ဆိုင်ကလုန်းသင့်      ပြည်သူများ အတွက်       လူသားချင်းစာနာမှု အကူအညီများကို ပေးပို့ခဲ့ခြင်းတို့ အတွက် မြန်မာအစိုးရနှင့် ပြည်သူ များကိုယ်စား       လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း   ပြောကြား သည်။


ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့်  ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး  မစ္စတာ ဆာဂျီ လတ်ဗ်ရော့နှင့်အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲသို့    တက် ရောက်သည်။


မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံခြား ရေးဝန်ကြီး           မစ္စတာ  ဆာဂျီ လတ်ဗ်ရော့သည် မြန်မာကိုယ်စား လှယ်အဖွဲ့ကို   ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၌    နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။       အဆိုပါ နေ့လယ်စာစားပွဲ၌   သက်ဆိုင်ရာ နိုင်ငံများ၏    နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများနှင့်    ဘုံစိတ်ဝင်စားမှု ရှိသည့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ်     အမြင်ချင်း ဖလှယ်ခဲ့ကြသည်။


ညနေပိုင်းတွင်  ဒုတိယဝန်ကြီး ချုပ်နှင့်    ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်     ကိုယ်စားလှယ် အဖွဲ့သည်   မော်စကိုမြို့မှ  ဘယ် လာရုစ်သမ္မတနိုင်ငံ   မင့်စ်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။


သတင်းစဉ်