ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagi အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၄


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commi-ssioner for Refugees–UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သူ Ms. Noriko Takagi  အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့  တွေ့ဆုံစဉ်    မြန်မာ အစိုးရနှင့်  UNHCR  တို့အကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှု နှင့် အနာဂတ်တွင် ပူးပေါင်းဆောင် ရွက်နိုင်မည့် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။                    

သတင်းစဉ်