
နေပြည်တော် ဧပြီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရုရှား- မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ရထား ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်ကိုယ်စားလှယ်များ အပြန်အလှန် စေလွှတ်ရေး၊ တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရေး၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီး မြှုပ်နှံနိုင်မည့် အလားအလာများကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးများ၊ ဌာနအကြီးအမှူးများ၊ ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်