ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   နိုဝင်ဘာ    ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့်       ကာကွယ်ရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်း  သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar ကို ယနေ့ မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ  အဆိုပါဝန်ကြီးဌာန   ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံရာတွင်   မြန်မာနိုင်ငံနှင့်    အိန္ဒိယ နိုင်ငံတို့အကြား   ကာကွယ်ရေးဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် တပ်မတော် နှစ်ရပ်အကြား  လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ်ဆွေးနွေးကြ သည်။
တွေ့ဆုံပွဲသို့     ပြည်ထောင်စုဝန်ကြီးနှင့်အတူ   တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။    

သတင်းစဉ်