
နေပြည်တော် အောက်တိုဘာ ၂၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် စေတနာသွေးလှူရှင်များသည် ယနေ့ တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် စုပေါင်းပြီး သွေးလှူဒါန်းကြရာ နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦး သွားရောက်ကြည့်ရှု အားပေးသည်။
လိုက်လံကြည့်ရှု
စုပေါင်းသွေးလှူဒါန်းရာတွင် နေပြည် တော်တွင် ၅၄ ဦးနှင့် ရန်ကုန်၊ မန္တလေး၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် ၄၅၃ ဦး သွေးလှူရှင် စုစုပေါင်း ၅၀၇ ဦးတို့က လှူဒါန်းခဲ့ပြီး အဆိုပါသွေး လှူဒါန်းပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင် ဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှု အားပေးကာ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ ပေးအပ်သည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သွေးလှူဒါန်းမှု အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
စုပေါင်းသွေးလှူဒါန်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်း ခြင်း အစီအစဉ်များကို ၂၀၁၆ ခုနှစ်မှ စတင်စီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခုအကြိမ်မှာ (၁၂) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်