ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Ramanathan Balakrishnan အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၃


ဒုတိယဝန်ကြီးချုပ်နှင့်   နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည်    မြန်မာနိုင်ငံ ၌   တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာ တော့မည့်     ကုလသမဂ္ဂ   လူဦးရေရန်ပုံငွေအဖွဲ့  (UNFPA)  ၏    မြန်မာနိုင်ငံဆိုင်ရာ    ကိုယ်စားလှယ် Mr. Ramanathan Balakrishnan    ကို   ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့တွေ့ဆုံရာတွင်   ၎င်းတာဝန်ထမ်းဆောင်စဉ် ကာလအတွင်း  နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။                         

သတင်းစဉ်