ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့ အာဆီယံ - တရုတ် မီဒီယာဖိုရမ်သို့တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

 

နေပြည်တော်  အောက်တိုဘာ  ၂၄


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်နှင့်   အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကွမ်ရှီး ရေဒီယိုနှင့်   ရုပ်မြင်သံကြားဌာန သို့ လည်းကောင်း၊ ကွမ်ရှီးရေဒီယို နှင့်       ရုပ်မြင်သံကြားဆိုင်ရာ  သတင်းအချက်အလက်     ပူးပေါင်း ဆောင်ရွက်မှုဌာနသို့       လည်း ကောင်း  သွားရောက်လေ့လာကြ သည်။


ကွမ်ရှီး   ရေဒီယိုနှင့်ရုပ်မြင် သံကြားဌာနသည် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင် သံကြားနှင့် သတင်းနှင့် ဖျော်ဖြေ ရေးအစီအစဉ်များ၊ ဇာတ်လမ်းတွဲ များ    ပူးပေါင်းဆောင်ရွက်ရေး အတွက် လက်မှတ်ရေးထိုးဆောင် ရွက်လျက်ရှိပြီး    ဒုတိယဝန်ကြီး သည်  ကွမ်ရှီး ရေဒီယိုနှင့်ရုပ်မြင် သံကြားဌာနမှ  ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့နှင့်  တွေ့ဆုံရာတွင်  ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ အပြန်အလှန်ခရီးစဉ်များ စေလွှတ် ၍   လေ့လာရေးနှင့်  အစီအစဉ် များ တိုးချဲ့ရိုက်ကူးထုတ်လွှင့်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။


MRTV အနေဖြင့် GXRTV နှင့် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင် ရွက်လျက်ရှိရာ    တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများ MRTV တွင် ပြသ ရေး သဘောတူစာချုပ်ကို  ၂၀၁၇ ခုနှစ်   မေ ၁၄ ရက်က  ချုပ်ဆို၍ တရုတ် ရုပ်သံဇာတ်လမ်းတွဲများ ကို မြန်မာအသံထပ်စနစ်ဖြင့်အပတ် စဉ်ပြသလျက်ရှိပြီး ယနေ့အချိန် အထိ ရုပ်သံဇာတ်လမ်းတွဲ ၁၈ ကား နှင့်  ကာတွန်းဇာတ်လမ်းတွဲ ၇ ခု ပြသပြီးဖြစ်သည်။ လက်ရှိအချိန် တွင်   လေနှင်ရာခရီး  အမည်ရှိ ဇာတ်လမ်းတွဲနှင့်   ဖြူစင်စိတ်လှ အမည်ရှိ ကာတွန်းကား ပြသလျက် ရှိသည်။ တရုတ် ရုပ်သံဇာတ်လမ်း တွဲများကို မြန်မာအသံထပ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကွမ်ရှီးဘက်မှ နည်းပညာဆိုင်ရာ  ဝန်ထမ်းများနှင့်   MRTV အသံသရုပ်ဆောင် ဝန်ထမ်း များသည်   နှစ်နိုင်ငံတစ်လှည့်စီ အပြန်အလှန်သွားရောက် ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။


ယနေ့ နံနက်ပိုင်းတွင် ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် ကွမ်ကျိုး မြို့မှတစ်ဆင့် လေကြောင်းခရီးစဉ် ဖြင့်  ပြန်လည်ထွက်ခွာလာခဲ့ပြီး ညနေပိုင်းတွင်      ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ကြရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊   မြန်မာနိုင်ငံ ဆိုင်ရာ  တရုတ်ပြည်သူ့သမ္မတ နိုင်ငံ  ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဌာနမှ  ဌာနမှူး  Ms. Feng Liping နှင့် တာဝန်ရှိသူများ က လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။               

သတင်းစဉ်