
နေပြည်တော် ဇန်နဝါရီ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တုံတာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာကြည့်တိုက်ကို ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ထို့နောက် တုံတာမြို့ အခြေခံ ပညာ အထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပရန် စီစဉ်ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးပြီး ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ ဆရာမများ၊ ရပ်မိ ရပ်ဖများအား တွေ့ဆုံ၍ ပညာရေး ဖွံ့ဖြိုးမှုဆိုင်ရာများ ဆွေးနွေး မှာကြားကာ စုံညီပွဲတော်အတွက် အလှူငွေပေးအပ်သည်။
ယင်းနောက် မိုင်းပျဉ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန စာကြည့်တိုက်ကို ရောက်ရှိကာ ဝန်ထမ်းများအား တွေ့ဆုံပြီး မိုင်းပျဉ်းမြို့ ရုပ်မြင် သံကြားထပ်ဆင့်လွှင့် စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် ကွန်ဟိန်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေး ပြီး ဝန်ထမ်းများအား တွေ့ဆုံကာ ကွန်ဟိန်းမြို့နယ် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ဝင်ရောက် ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ခိုလမ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် နမ့်စန် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးတို့ကိုဝင်ရောက်ကြည့်ရှုပြီး ဝန်ထမ်း များအား လုပ်ငန်းဆိုင်ရာများနှင့် အသိပညာပေးခြင်း၊ ပြန်ကြားပေး ခြင်းလုပ်ငန်းများ ထိရောက် အောင်မြင်အောင် ဆောင်ရွက် ကြရန် မှာကြားသည်။
ယနေ့ နံနက်ပိုင်းတွင် လွိုင်လင်မြို့ အမှတ်(၁)အခြေခံ ပညာကျောင်း နဝဒေးခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီး ဌာနနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ် သော လူငယ်အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့နှင့်အတူ မြို့ပေါ်ရှိ အ.ထ.က၊ အ.လ.ကများ မှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး များ၊ အ.ထ.က(၁)နှင့် အ.ထ.က(၂) တို့မှ ဆရာ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်က ပညာရေးကဏ္ဍကို အလေးထား ဖြည့်ဆည်းအားပေး ဆောင်ရွက်နေကြောင်း၊ KG+9 အထိပြီးမြောက်အောင် သင်ကြား နိုင်ရေးနှင့် အချိန်မတိုင်မီ ကျောင်း ထွက်မှုများ လျော့နည်းကျဆင်း အောင် ကြိုးစားကြရန်လိုကြောင်း၊ နိုင်ငံတော် အကြီးအကဲကလည်း ပညာရေးနှင့်ပတ်သက်၍ လူငယ် များ စာတတ်၊ အတန်းအောင်ရုံ သာမက အသိပညာ၊ အတတ် ပညာ ဗဟုသုတကြွယ်ဝပြီး စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိသည့် ဗလငါးတန်ပြည့်ဝသော လူငယ် များဖြစ်စေရေး ပြုစုပျိုးထောင်ပေး ကြရန် အမြဲတိုက်တွန်းမှာကြား နေကြောင်း၊ မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း ဆိုသည့် စကားနှင့်အညီ အားလုံးပူးပေါင်း ပြီး ထူးချွန်ထက်မြက်သော လူငယ်များ မွေးထုတ်ပေးနိုင်ကြ ပါရန် မှာကြားသည်။
အားကစားအထောက်အကူပြု ပစ္စည်းများပေးအပ်
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့် ခရိုင်အားကစားနှင့် ကာယ ပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ညိုညိုခင် တို့က ကျောင်းသားလူငယ်များ အတွက် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနက ပံ့ပိုးပေး သော အားကစားအထောက်အကူ ပြုပစ္စည်းများကို လွှဲပြောင်း ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးသည် ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသို့ရောက်ရှိပြီး လူထု အခြေပြုဗဟိုဌာနအား ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူး နှင့် ပြည်နယ်ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဟိုပုံး ခရိုင်နှင့် မက်မန်းခရိုင်တို့မှ ခရိုင် ဦးစီးမှူးများ၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ကျောက်တလုံး ကြီးမြို့တို့မှ ဦးစီးမှူးများ၊ ရုပ်မြင် သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ ဇုန်နယ် တာဝန်ခံများနှင့် ကိုယ်ပွား သတင်းစာတိုက် (တောင်ကြီး) တို့ မှ တာဝန်ခံများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ နှင့် ဝန်ထမ်းရေးရာကိစ္စများ မှာကြားခဲ့သည်။
သတင်းစဉ်