ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့၌ ရွေ့လျားရေသန့်စက်ဖြင့် ရေပေးဝေနေမှု သွားရောက်အားပေးကြည့်ရှု

 

စစ်တွေ   မေ   ၂၄
သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သည် ရခိုင်ပြည်နယ်အတွင်း လေဘေးသင့်ခဲ့သည့် ဒေသများအနက် စစ်တွေ၊ ရသေ့တောင်၊ မင်းပြား မြို့များတွင် သန့်ရှင်းသောသောက်သုံးရေ   ရရှိရေး အတွက် ရွေ့လျားရေသန့်စင်ကား ငါးစီးဖြင့်လည်း ကောင်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့ တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော မြို့နယ်များအတွက်    life    Straw   ရေသန့်စက်  အလုံး   ၅၀  ဖြင့်လည်းကောင်း    စီစဉ်ဆောင်ရွက် လျက်ရှိသည်။ ထပ်မံ၍   Life   Straw   ရေသန့် စက် အလုံး  ၆၀   ဖြင့် ဖြန့်ဝေပေးပို့သွားမည် ဖြစ် သည်။
ယင်းသို့ ဆောင်ရွက်နေသည့်အပြင် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရွေ့လျားရေသန့်စက်ကို အသုံးပြု၍ စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက် ထန်းပင်ရင်း မြေသားရေကန်မှ   ရေကိုစုပ်ယူကာ    ရပ်ကွက်နေ ပြည်သူများအား   သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေပေးနေမှုကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ကျေးလက် ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်  ဦးသိန်းလွင်နှင့်   တာဝန်ရှိသူများက သွားရောက်အားပေးကြည့်ရှုခဲ့သည်။ ၎င်းရေသန့်စက် များကို အသုံးပြု၍ ကျေးရွာများရှိ မြေသားရေစုကန် များမှ သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေပေးနိုင် ရေး  စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   သိရ သည်။
သတင်းစဉ်