ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ် ကြည့်ရှုအားပေး

 

 

နေပြည်တော်  ဇန်နဝါရီ   ၁၈
၂၀၂၂  ခုနှစ်   တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌   ကျင်းပလျက် ရှိရာ     ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်   တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ   တက် ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်      ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌  ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်း နှင့်ရခိုင်ပြည်နယ်အသင်းတို့ ယှဉ် ပြိုင်ကစားမှုကို ကြည့်ရှုအားပေး ကြရာ    ရခိုင်ပြည်နယ် အသင်းက မွန်ပြည်နယ်အသင်းကို ရလဒ် သုံးဂိုး - ဂိုးမရှိဖြင့် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ပွဲစဉ်တွင် (Women of   the   match)  ဆု  ရရှိခဲ့သည့်   ရခိုင်ပြည်နယ်အသင်းမှ    ကျော နံပါတ် ၁၀ မမြတ်မြတ်ဌေးအား ဆုငွေကျပ်  ၅၀၀၀၀ ကို တာဝန်ရှိ သူတစ်ဦးက      ပေးအပ်ချီးမြှင့် သည်။
ဇန်နဝါရီ ၁၉ ရက် ညနေပိုင်း တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်း၌ တိုင်းဒေသကြီးနှင့် ပြည် နယ်   အသက် ၂၅ နှစ်အောက် (အမျိုးသမီး)   ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့်   ရှမ်း ပြည်နယ်အသင်းတို့  ဆက်လက် ယှဉ်ပြိုင်ကစား  သွားကြမည်ဖြစ် ပြီး ဘောလုံးဝါသနာရှင်များအနေ ဖြင့်    အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းနှင့်  အကြို ဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်တို့ကို မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား (MRTV Sports Channel) လိုင်းမှ တိုက်ရိုက်   (Live)  ရိုက်ကူး ထုတ်လွှင့်      ပြသသွားမည်ဖြစ် ကြောင်း သိရသည်။ 
သတင်းစဉ်