ဒုတိယဝန်ကြီး ဦအေးကျော် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်   မေ   ၂၃  


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန      ဒုတိယ ဝန်ကြီး   ဦအေးကျော်သည်   ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့တွင် အလွန့်အလွန်     အင်အားပြင်းထန်သော  မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီး ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ ၆၆/၁၁  ကေဗွီ   ဓာတ်အားခွဲရုံ  အမှတ် (၁) နှင့် ၆၆/၁၁  ကေဗွီ   အမှတ်  (၂)  ဆတ်ရိုးကျ ဓာတ်အားခွဲရုံတို့အတွင်းရှိ       ပြန်လည် ပြင်ဆင်နေမှုများနှင့်     ဓာတ်အားလိုင်း များ       ပြုပြင်ဆောင်ရွက်နေမှုများကို      လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ 

 


ဦးစွာ ဒုတိယဝန်ကြီးသည်  ပြည်နယ် အင်ဂျင်နီယာရုံး၊ ဧည့်ရိပ်သာသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ စစ်တွေမြို့ မေယု လမ်းမတစ်လျှောက်၊ မင်းဘာကြီးလမ်း တစ်လျှောက်နှင့် ပြည်နယ် လွှတ်တော် လမ်းတစ်လျှောက် ဖြန့်ဖြူးရေးဓာတ်အား လိုင်းများ      ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ 

 


ယင်းနောက်     ဒုတိယဝန်ကြီးသည် ၆၆/၁၁ကေဗွီ  ဓာတ်အားခွဲရုံအမှတ် (၁)၊ Control   Room   နှင့်   လေဘေးကြောင့် ပျက်စီးသွားသည့်      မီးစက်အဆောက် အအုံ၊  စစ်တွေမြို့နယ်  လျှပ်စစ်အင်ဂျင် နီယာရုံး  ငွေလက်ခံကောင်တာနှင့်  ခွဲရုံ ဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ ပစ္စည်း သိုလှောင်ရေး  အဆောက်အအုံများကို    သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး       မှာကြားကာ ဝန်ထမ်းနှင့်   မိသားစုများအား  တွေ့ဆုံ အားပေးစကား ပြောကြားသည်။ 

 


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်   ပြည်နယ်လျှပ်စစ်အင်ဂျင် နီယာရုံး၌ အင်ဂျင်နီယာချုပ်၊ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ၊ ဘဏ္ဍာရေးတာဝန်ခံ၊ တာဝန်ရှိသူများနှင့်       လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး ၆၆/၁၁ ကေဗွီ အမှတ်  (၂)  ဆတ်ရိုးကျ  ဓာတ်အားခွဲရုံ ဝင်းအတွင်းရှိ လေဘေးကြောင့် ပျက်စီး သွားသည့်  ဝန်ထမ်းအိမ်ရာများ  အခြေ အနေ၊   ဓာတ်အားခွဲရုံ   Switch   Yard   အတွင်း ပျက်စီးသွားသည့် ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်းများ  ပြန်လည်ပြင်ဆင် နေမှု အခြေအနေနှင့် စစ်တွေလေဆိပ် လမ်းတစ်လျှောက်ရှိ  ဓာတ်အားဖြန့်ဖြူး ရေး လိုင်းများ ပြုပြင်ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို ဆောင်ရွက်ပေးသည်။

 


ညနေပိုင်းတွင်    ဒုတိယဝန်ကြီးသည်  ပြည်နယ်   လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အင်ဂျင်နီယာချုပ်၊     ညွှန်ကြားရေးမှူး၊ ဒုတိယအင်ဂျင်နီယာချုပ်၊ တိုင်းဒေသကြီး နှင့်  ပြည်နယ်  လျှပ်စစ်အင်ဂျင်နီယာရုံး များမှ  လုပ်ငန်းလာရောက်ဆောင်ရွက် သော      တာဝန်ရှိသူများကို      တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ်        မိုခါမုန်တိုင်း ကြောင့် ပျက်စီးခဲ့မှုများမှ ဓာတ်အားအမြန် ဆုံး ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး၊ ဓာတ်အားခွဲရုံ များ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ပြန်လည်ပြင်ဆင်     တည်ဆောက်ခြင်း လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွား ရန် မှာကြားခဲ့ကြောင်း သိရသည်။  


သတင်းစဉ်