
နေပြည်တော် နိုဝင်ဘာ ၁၆
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာန(Multi Hazard Early Warning Centre) ၌ မိုးလေဝသ သတင်းထုတ်ပြန် နေမှုနှင့် သတင်းရိုက်ကူးရေး ဆောင်ရွက်နေမှု အခြေအနေ များကို ယနေ့ မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကြည့်ရှု စစ်ဆေးသည်။
မိုးလေဝသဌာနခွဲ ခန့်မှန်းရေး ဌာနစုနှင့် စတူဒီယိုဌာနစုတို့အား ကြည့်ရှုစစ်ဆေးစဉ် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မိုးလေ ဝသသတင်းများ ထုတ်ပြန်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က ခန့်မှန်းချက်များ တိကျမှန်ကန် စွာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး၊ တိုင်းထွာချက် မှတ်တမ်းများကို စနစ်တကျထား ရှိရေး၊ အသုံးပြုနေသည့် စက်ကိရိ ယာများ၏ စွမ်းဆောင်နိုင်မှု စွမ်းအားပြည့် ရရှိရေးအတွက် သတ်မှတ်ထားသည့် လုပ်ငန်းများ ကို မပျက်မကွက် ပုံမှန်စစ်ဆေး ဆောင်ရွက်သွားရေး၊ စက်ပစ္စည်း များ ချို့ယွင်းမှုရှိပါက အချိန်နှင့် တစ်ပြေးညီ ပြုပြင်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များနှင့်အညီ လိုက်နာနေထိုင် ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်