
ရန်ကုန် ဇန်နဝါရီ ၁၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမျိုးသားဇာတ်ရုံ(ရန်ကုန်)သို့ရောက်ရှိပြီး အမျိုးသားဇာတ်ရုံ (ရန်ကုန်)အတွင်း ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရုံးပတ်ဝန်းကျင်နှင့် အိမ်ရာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာရေး၊ ဇာတ်ရုံအတွင်းအပြင် သန့်ရှင်းရေးနှင့် လေအေးပေး စက်များ တပ်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသား ပြတိုက် (ရန်ကုန်)သို့ ရောက်ရှိစစ်ဆေးရာ အမျိုးသား ပြတိုက် (ရန်ကုန်) ခေတ္တတာဝန်ခံက အမျိုးသား ပြတိုက် (ရန်ကုန်)ရှိ ပြခန်း ၁၃ ခန်းတွင် ခင်းကျင်း ပြသထားမှု၊ အမျိုးသားပြတိုက် (ရန်ကုန်) ၌ ဆောင်ရွက်ခဲ့သည့် ပြည်တွင်း/ပြည်ပ ပြပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လာရောက်ကြည့်ရှုလေ့လာသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဝင်ရောက်မှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ကျောင်းသား ကျောင်းသူ ဝင်ရောက်မှုများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသား ပြတိုက် (ရန်ကုန်)မှ ဝန်ထမ်းများနှင့် ဘွဲ့လွန်ပြတိုက် ပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) မှ သင်တန်း သူများကို တွေ့ဆုံပြီး ပြတိုက်ဆိုင်ရာလုပ်ငန်းရပ်များ မှာကြားကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် Ticket Management System, Inventory Management and Ethnic Traditional Gallery (Active Relity-AR System)လုပ်ငန်းနှင့် ရှေးဟောင်းပစ္စည်းသိုလှောင်ရုံ နှစ်ထပ် ဆက်လက် ဆောက်လုပ်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များမှာကြားသည်။ သတင်းစဉ်