
နေပြည်တော် ဒီဇင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေး တက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန် ရေး၊ သန့်ရှင်းသာယာရေး ကိစ္စရပ် များကို ကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ကျောင်းသား ကျောင်းသူ များ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကာ ပညာကိုကြိုးစားသင်ယူရင်း မိမိ အနာဂတ်ဘဝ အောင်မြင်မှု အတွက် အတွေ့အကြုံကောင်း များ၊ အပေါင်းအသင်းကောင်းများ ရှာဖွေရယူကြရန် တိုက်တွန်း ပြောကြားပြီး ဘာသာရပ်ဌာန များတွင် ပါမောက္ခများ၊ ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျောင်း သားများ၏ စဉ်းစားတွေးခေါ်မှုကို အားပေးလေ့ကျင့်ပေးရန် မှာကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မကွေးပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စုဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သင်တန်းသားများနှင့် တွေ့ဆုံ၍ မျိုးဆက်သစ် လူငယ်များကို ထုဆစ်ပုံဖော်မည့် ဆရာ ဆရာမ လောင်း ဗိသုကာများဖြစ်ကြသဖြင့် စံနမူနာပြဖြစ်ရေး၊ ဆင်ခြင်တုံ တရားရှိပြီး ဉာဏ်ပညာထက်မြက် အောင် စာများများဖတ်ရှုလေ့လာ ရေး မှာကြားကာ ဆရာ ဆရာမ များ၏ တင်ပြချက်များကို ဆွေးနွေးဖြည့်ဆည်းပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မကွေးမြို့ လေ့ကျင့် ရေး အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းသား ကျောင်း သူများ ပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်