
နေပြည်တော် ဩဂုတ် ၁၃
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းသည် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများ နှင့်အတူ သြဂုတ် ၁၁ ရက်တွင် ရန်ကုန်မြို့ ဗဟို ဆေးသိုလှောင်ရေးဌာနသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါခံစားနေရသော လူနာများအတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Multivitamin tablets နှင့် Paracetamol tablets များကို ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ဆေးရုံကြီးများနှင့် ကိုဗစ်-၁၉ ကုသ ရေးဌာနများသို့ ခွဲဝေဖြန့်ဖြူးနေမှုကို ကြီးကြပ်ကြည့်ရှု သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့ ကိုဗစ်-၁၉ကုသရေးဌာန(မရမ်းကုန်း) တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုသမှုခံယူ နေသော ကိုဗစ်လူနာများအတွက် Paracetamol tablets အလုံး ၃၀၀၀၀နှင့် Multivitamins tablets အလုံး ၃၀၀၀၀ ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် မြို့ ကိုဗစ်-၁၉ကုသရေးဌာန(MCC) သို့ သွားရောက် ခဲ့ပြီး အဆိုပါ ကိုဗစ်-၁၉ကုသရေးဌာနတွင် ကုသမှု ခံယူနေသော ကိုဗစ်လူနာများအတွက် Paracetamol tablets အလုံး ၁၀၀၀၀နှင့် Multivitamins tablets အလုံး ၁၀၀၀၀ ကို ပေးအပ်သည်။
အဆိုပါဆေးဝါးနှစ်မျိုးကို သြဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် တိုင်းဒေသကြီး၊ ပြည်နယ် အားလုံး သို့ Myan Express ဖြင့် ဖြန့်ဖြူးပေးခဲ့ရာ စုစုပေါင်း Paracetamol tablets ၆ ဒသမ ၅ သန်းနှင့် Multi-vitamins tablets ၁၀ သန်းကို ဖြန့်ဖြူးပေးခဲ့ကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါ ခံစားနေရသော လူနာများကို အဓိက ထောက်ပံ့ပေးရန်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်