ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၏  စာသင်နှစ်အလိုက် သင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်    မေ   ၁၀
စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး      ဒေါက်တာအောင်ကြီး သည် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံ ကျောင်း၏      စာသင်နှစ်အလိုက် သင်တန်းများ    ပြန်လည်ဖွင့်လှစ် ရေး အကြိုလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက     ကြည့်ရှုစစ်ဆေး သည်။ 
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်  ပျဉ်းမနား စိုက်ပျိုးရေး      သိပ္ပံကျောင်း၏ စာသင်ဆောင်များ၊  လက်တွေ့ ခန်းများ၊            ဓာတ်ခွဲခန်းနှင့်   စာကြည့်တိုက်များ၊           ကျောင်းသူ ကျောင်းသား           အဆောင်များ၊ စားရိပ်သာနှင့်  စားဖိုဆောင်များ၊ ကျန်းမာရေးနှင့်       လုံခြုံရေး ဆိုင်ရာ      အစီအမံများကို         လှည့်လည်  ကြည့်ရှုစစ်ဆေးကြရာ ကျောင်းအုပ်ကြီးနှင့်   တာဝန်ကျ       ဆရာဆရာမများက       ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း ၍    ဒုတိယဝန်ကြီးက  လက်ခံ သင်ကြားပေးနိုင်သည့်   ပမာဏ အပြည့်အဝ လက်ခံသင်ကြားပေး နိုင်ရေး၊      သတ်မှတ်ထားသည့် စာသင်ကာလအတွင်း  သင်ကြား ရေးလုပ်ငန်းများ   ထိရောက်စွာ သင်ကြားလေ့ကျင့်ပေးရေး၊  နည်း ပညာရပ်ဆိုင်ရာ  ပြဋ္ဌာန်းသင်ခန်း စာများအပြင် တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း မြင့်မားရေး၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအပေါ်   တန်ဖိုးထား တတ်စေရေးနှင့်     အများအကျိုး မျှော်ကိုး ရွက်ဆောင်တတ်သူများ ဖြစ်စေရေး ထည့်သွင်းသွန်သင် ဆွေးနွေးပေးရန်  လိုအပ်ချက်များ ကို       ဆရာ  ဆရာမများအား ဆွေးနွေးမှာကြားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များ၊  သင်တန်းကျောင်း များကို မေ ၁၂ ရက်တွင် ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ရာ  တိုင်း ဒေသကြီး၊          ပြည်နယ်များရှိ  စိုက်ပျိုးရေးသိပ္ပံကျောင်းများကိုလည်း သက်ဆိုင်ရာ  စာသင်နှစ် များအလိုက် သင်တန်းများဖွင့်လှစ် သင်ကြားပေးနိုင်ရေး၊ သင်တန်းသူ သင်တန်းသားများ      နေရေး၊ စားရေးနှင့်         ပညာသင်ယူရေး ဆိုင်ရာများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ  ဘေး ကင်းလုံခြုံစွာ   ဆောင်ရွက်နိုင်ကြ စေရေးအတွက် တာဝန်ရှိသူများ က စနစ်တကျစီမံ ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်   ဇေယျာသီရိမြို့နယ် သစ်စိမ်း မြေဩဇာ၊  ပိုက်ဆံလျှော် ဧက ၁၀၀ ကွင်းပိတ်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး   ဒေသခံတောင်သူ များနှင့်အတူ ပိုက်ဆံလျှော် မျိုးစေ့ များ   ကြဲပက်စိုက်ပျိုးပေးသည်။
သစ်စိမ်း    မြေဩဇာအဖြစ် အသုံးပြုမည့် ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲ၌   ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊    ဒေသနေ     တောင်သူများနှင့်   တွေ့ဆုံစဉ်    ဒုတိယဝန်ကြီးက  ဆီထွက်သီးနှံ    နေကြာတိုးချဲ့ စိုက်ပျိုးရေး၊ အခြေ အနေပေးသည့် စိုက်ခင်းများတွင် သီးညှပ်သီးရော       စိုက်ပျိုးရေး၊ စိုက်ပျိုးရေသေချာသည့် ဧရိယာ များတွင် စိုက်ပျိုးရေး  သုတေသန             ဦးစီးဌာနနှင့်     တောင်သူများ     ပူးပေါင်း၍   နေကြာမျိုးစေ့ထုတ် စိုက်ခင်းများ ထူထောင်ဆောင်ရွက် ရေး၊  ဈေးကွက်အလားအလာနှင့် ရာသီဥတုအခြေအနေကို  သုံးသပ် ပြီး  တောင်သူအကျိုးအမြတ်များ စေမည့် သီးနှံပုံစံ   ရွေးချယ်ဆောင် ရွက် ပေးရန်          လိုအပ်ချက်များကို ဆွေးနွေး    ပြောကြားခဲ့ကြောင်း သိရသည်။         
       သတင်းစဉ်