
နေပြည်တော် ဇန်နဝါရီ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဇန်နဝါရီ ၁၆ ရက်က မြို့ကြီးရေလှောင်တမံသို့ ရောက်ရှိ ပြီး ရေလှောင်တမံ ရေဝင်ရောက် မှု၊ ရေယူအဆောက်အအုံ၊ ရေအား လျှပ်စစ်စက်ရုံနှင့် ရေလွှဲဆည် တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံ ဘေးကင်းလုံခြုံ ရေးအတွက် စဉ်ဆက်မပြတ် စူးစမ်းလေ့လာရန် လိုအပ်ချက် များ၊ ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ဒေသနေ တောင်သူများ၏ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးတက်လုပ် ကိုင်နိုင်ရေး ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။
အလေးထားဆောင်ရွက်
ယင်းနောက် မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့နယ် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စက်မှုသီးနှံနှင့် နှစ်ရှည်ပင်များ သုတေသနဌာနခွဲ၊ စိုက်ပျိုးရေး သုတေသနခြံ၏ သုသေတန လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေမြေရာ သီဥတုနှင့် ကိုက်ညီ၍ အထွက် နှုန်းနှင့် အရည်အသွေး ကောင်းမွန် ပြီး တောင်သူဝင်ငွေတွက်ခြေကိုက် သည့် မျိုးသန့်များ ထုတ်လုပ်ပေး ရန်၊ တောင်သူများ၏ လိုအပ် အချက်အပေါ် အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားသည်။
သင်တန်းများ ဖွင့်လှစ်ပေးရန်လို
အလားတူ စိုက်ပျိုးရေးဦးစီး ဌာန၊ မျိုးစေ့ဌာနခွဲ၊ ပျော်ဘွယ် မြို့နယ် ချောင်းမကြီး မျိုးသန့်ခြံ သို့လည်းကောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ရမည်းသင်း မြို့နယ် စီပင်စိုက်ပျိုးရေး သုတေ သနခြံသို့လည်းကောင်း ရောက် ရှိပြီး ပိုက်ဆံလျှော် ၊ ပဲတီစိမ်း၊ နှမ်း၊ စပ်မျိုးနေကြာ၊ ပဲစင်းငုံသီးနှံ သုတေသနလုပ်ငန်းများ၊ ဒေသနှင့် ကိုက်ညီသည့် အရည်အသွေး ကောင်း အထွက်ကောင်းမျိုးစေ့ များ မျိုးပွားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများ၊ မျိုးရိုးဗီဇမှန်ကန် သည့် မျိုးစေ့အရည်အသွေးနှင့် ပြည့်စုံသော မျိုးစေ့များ ရရှိရေး အတွက် အရည်အသွေး ထိန်းသိမ်း ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယ ဝန်ကြီးက တောင်သူများအတွက် စီးပွားရေး တွက်ခြေကိုက်မည့် သီးနှံမျိုးများနှင့် နည်းပညာများ ဖြန့်ဖြူးပေးရန် လိုအပ်ချက်များ၊ သရုပ်ပြပွဲများ၊ ဆွေးနွေးပွဲများ၊ တောင်သူပညာပေး သင်တန်းများ ဖွင့်လှစ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဇီဝက ဘက်စုံ မွေးမြူရေးခြံ၏ ဥစားကြက်၊ အသားစားကြက်၊ ဒေသဆိတ်မျိုး၊ ဒေသနွားမျိုးများနှင့် အသားတိုး နွားများ မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးကြောင်း သိရ သည်။
သတင်းစဉ်