
ပြင်ဦးလွင် ဇန်နဝါရီ ၁၉
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သည် နိုင်ငံတော်တွင် လျှပ်စစ်သုံး ယာဉ် (Electric Vehicle ၊ EV)ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် EV နည်းပညာရှင် များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင် ရေး၊ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးတို့ကို ဆက်စပ်ဌာန/ အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင် ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင် မြို့ မြို့တော်ခန်းမ၌ ကျင်းပ သည့် EV အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် နည်းပညာ ပြန့်ပွားရေး ဟောပြောပွဲ အခမ်း အနားသို့ တက်ရောက်သည်။
ဓာတ်ငွေထုတ်လွှတ်မှုလျှော့ချ
ဦးစွာ ဒုတိယဝန်ကြီးက ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီ ဥတုပြောင်းလဲမှုတို့ကို တိုက်ဖျက် နိုင်ရန်နှင့် ကမ္ဘာ့ဂေဟစနစ်ကို ရေရှည်တည်တံ့စေရန်တို့အတွက် လေထုလွှာအတွင်းသို့ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့များ ထုတ်လွှတ်မှု လျှော့ချနိုင်ရေးကို အဓိကဦးတည်လျက် ပါရီသဘော တူညီချက်အရ- ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေး ကို နိုင်ငံတကာတွင် ရည်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်း သဘောတူညီချက်အရ - နိုင်ငံတကာစွမ်းအင်အေဂျင်စီမှ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ယာဉ် ရောင်းချမှု၌ ၃၀ ရာနှုန်းသည် လျှပ်စစ်သုံးယာဉ်များ ဖြစ်ရန် ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ နိုင်ငံတွင်လည်း အခြားကမ္ဘာ့နိုင်ငံ များနည်းတူ EV ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ပြင်းဦးလွင်မြို့တော်ကို Smart City အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် မီးခိုးမထွက် သော သဘာဝခရီးသွားလုပ်ငန်း များ ပီပြင်စွာ ဖော်ဆောင်နိုင်ရေးတို့ အတွက် EV အသုံးပြုမှုကို အားပေးမြှင့်တင်ရမည် ဖြစ်ပါ ကြောင်း၊ ယင်းအတွက် EV သုံးစွဲ သူ ပြည်သူများက ဘေးအန္တရာယ် ကင်းရှင်းစွာ စံချိန်စံညွှန်းများနှင့် အညီ အသုံးပြုနိုင်ရေး အသိပညာ ပေးရန် လိုအပ်ပါကြောင်း၊ နည်းပညာတက္ကသိုလ်/ သိပ္ပံများ တွင် EV ဆိုင်ရာ သင်ရိုးညွှန်းတမ်း များပါ ထည့်သွင်းခြင်းတို့ဖြင့် တစ်ချိန်တွင် နိုင်ငံတော်က အမှန် တကယ် အားထားရသည့် EV နည်းပညာရှင်များ ဖြစ်ထွန်း လာသည်အထိ မျှော်မှန်းဆောင် ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။ ထို့နောက် တာဝန်ရှိသူ များက EV နည်းပညာ ပြန့်ပွား ရေးဆိုင်ရာများကို ဟောပြော ကြသည်။
ကြည့်ရှုအားပေး
ယင်းနောက် ဒုတိယဝန်ကြီး သည် အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဉာဏ်စမ်းပဟေဠိ (Quiz) များ ဖြေဆိုလျက်ရှိကြသည့် ပြင်ဦးလွင်ရှိ အခြေခံပညာ အထက်တန်း ကျောင်းများနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံမှ ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးသည်။
တက်ရောက်
အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြောင်း သိရ သည်။
သတင်းစဉ်