ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ၂၀၂၃ ခုနှစ် တရုတ် - အာဆီယံ သက်မွေးပညာရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဖိုရမ်သို့ တက်ရောက်

 

နေပြည်တော်  စက်တင်ဘာ  ၁၅ 


သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ဇေယျ သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ  နန်နင်းမြို့ရှိ   Guangxi Polytechnics of Construction ၌   ယနေ့တွင်    ကျင်းပပြုလုပ်သည့် ၂၀၂၃ တရုတ်-အာဆီယံ  သက်မွေး ပညာရေး   ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဖိုရမ်သို့  တက်ရောက် သည်။ 


ဦးစွာ        ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူးနှင့်  အစိုးရတာဝန် ရှိသူများက   အာဆီယံကိုယ်စား လှယ်များကို   ဧည့်ခံတွေ့ဆုံခဲ့ပြီး Senior Officials Meeting   ကို ပြုလုပ်ကာ   မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။   ဖွင့်ပွဲအခမ်း အနား၌     ဒုတိယဝန်ကြီးသည် ကွမ်ရှီးဒေသ      တာဝန်ရှိသူများ၊ အာဆီံယံနိုင်ငံများမှ      ဒုတိယ ဝန်ကြီးများ၊     ဟောင်ကောင်နှင့် မကာအိုတို့မှ   အဆင့်မြင့်အရာရှိ ကြီးများနှင့်အတူ    အမှာစကား ပြောကြားသည်။


ဒုတိယဝန်ကြီးက ပြောကြား ရာတွင်  နိုင်ငံတော်မှ ရှေ့လုပ်ငန်း စဉ်များ၊      ဦးတည်ချက်များ အောင်မြင်စွာ  အကောင်အထည် ဖော်  ဆောင်ရွက်နိုင်ရေးအတွက် သက်မွေးပညာရပ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်လျက်     ရှိကြောင်း၊  ပြည်သူလူထုတစ်ရပ်လုံး၏  လူမှု စီးပွားဘဝ    မြင့်မားရေးအတွက်  MSMEs   လုပ်ငန်းများ၊   စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ   ကုန် ထုတ်လုပ်ငန်းများကို    ခေတ်မီ နည်းပညာများ         အသုံးချ၍ တိုးတက်အောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းအတွက် ယခုနှစ် မှစ၍  စက်မှု-စိုက်ပျိုးရေး-မွေးမြူ ရေး အထက်တန်းကျောင်းများကို ပါ    ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ ကြောင်း၊    သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ  နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ မြန်မာနိုင်ငံ၏ နည်း ပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးကဏ္ဍကို အဓိက Focal အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင် ဒေသရှိ ကျောက်ဖြူ  အထူးစီးပွား ရေးဇုန်နှင့်            အခြားဇုန်များ၊ MSMEs   လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးအတွက်    အရည် အသွေးပြည့်မီသော    သက်မွေး ပညာရှင်များကို   မွေးထုတ်ပေး လျက်ရှိကြောင်း၊  တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ   BRI ၊    လန်ချန်း-မဲခေါင်စီမံကိန်းများနှင့် နည်းပညာ၊ သက်မွေးပညာကဏ္ဍ  ပံ့ပိုးပေးမှု များကို   အထူးကျေးဇူးတင်ရှိပါ ကြောင်း၊     တရုတ်-မြန်မာနှင့် အခြား       အာဆီယံနိုင်ငံများ ချစ်ကြည်ရင်းနှီးမှု    ပိုမိုခိုင်မြဲသ ထက်ခိုင်မြဲစေရန်နှင့်   နည်းပညာ၊ သက်မွေးပညာကဏ္ဍ     ဖွံ့ဖြိုးရေး အကျိုးတူ              ပူးပေါင်းမှုတို့ကို မြှင့်တင်ဆောင်ရွက်လိုပါကြောင်း၊ ယင်းအတွက်  ရင်းနှီးမြှုပ်နှံမှုများ ကို လှိုက်လှဲစွာ  ကြိုဆိုဖိတ်ခေါ် ပါကြောင်း ပြောကြားခဲ့သည်။  


ဖိုရမ်သို့  အာဆီယံနိုင်ငံများမှ အစိုးရ    ဌာနဆိုင်ရာတာဝန်ရှိသူ ၁၁၈ ဦး၊  တက္ကသိုလ်၊  ကောလိပ် ၁၁၉ ကျောင်းတို့မှ ပါမောက္ခချုပ် များ၊     မဟာဌာနမှူးများနှင့် ပါမောက္ခ  ၂၇၂  ဦး၊   စီးပွားရေး လုပ်ငန်းရှင်   ၅၂  ဦး၊    တရုတ် ပြည်နယ် ၂၀ မှ  အစိုးရအရာရှိ ၇၉ ဦး၊ တရုတ်ရှိ တက္ကသိုလ်၊ ကောလိပ် ၂၉၁ ကျောင်းတို့မှ  ပါမောက္ခချုပ် များ၊ မဟာဌာနမှူးများနှင့် ပါမောက္ခ ၃၅၆ ဦးနှင့် စီးပွားရေးလုပ်ငန်းရှင် ၈၁ ဦး တက်ရောက်သည်။


ယင်းနောက်  ဒုတိယဝန်ကြီး ဒေါက်တာ     အောင်ဇေယျနှင့် အဖွဲ့သည် အခြားကိုယ်စားလှယ် များနှင့်အတူ  ၂၀၂၃ ခုနှစ်  တရုတ်-အာဆီယံအသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ    TVET ပညာရပ် ဖိုရမ်များ ပြုလုပ်ခြင်းနှင့် ခင်းကျင်း    ပြသထားမှုများကို   လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။  

            
သတင်းစဉ်