ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၀၈/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် တပ်ပြင်စည်းရုံးရေး ပိုမိုအလေးထားဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၁၄


ပြည်ထဲရေးဝန်ကြီးဌာန  မြန်မာ နိုင်ငံရဲတပ်ဖွဲ့       ဒုတိယရဲအုပ် လောင်း     သင်တန်းအမှတ်စဉ် (၁၀၈)  ရဲဗလတပ်ခွဲ၊   သင်တန်း ဆင်းပွဲအခမ်းအနားကို     ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး       ပြင်ဦးလွင်မြို့နယ်  ရဲအရာရှိ   လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။

 


ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်း ထက်က ဒုတိယရဲအုပ်လောင်းများ ၏    အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲကို စစ်ဆေး ပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းနောက်    ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့    ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း မေလင်းခိုင်၊ ဥပဒေဘာသာရပ်   ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဝေလွင်ဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း         မေလင်းခိုင်၊ ကွန်ပျူတာဘာသာရပ်    ထူးချွန် ဆုရ ဒုတိယရဲအုပ်လောင်း သီဟန် မျိုး၊     အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အေးပွင့်ဖြူတို့ကို ဆုများပေးအပ် ချီးမြှင့်သည်။

 


ထို့နောက်     ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့     ရဲချုပ်က သင်တန်းဆင်း      ဒုတိယရဲအုပ် လောင်းများသည်    တက္ကသိုလ် အသီးသီး၌      စာပေပညာများ ကို   လေ့လာဆည်းပူးခဲ့ကြသလို တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင် ငယ်များအဖြစ်    စတင်တာဝန် ထမ်းဆောင်ကြရမည့်   သူများ ဖြစ်သည်နှင့်အညီ ခေါင်းဆောင်မှု အရည်အသွေးများကို ကောင်းစွာ သိရှိနားလည်ပြီး     တပ်တွင်း စည်းလုံးညီညွတ်မှုနှင့်    တပ်ပြင် စည်းရုံးရေးလုပ်ငန်းများကို   ပိုမို ကျစ်လျစ်ခိုင်မာအောင်  အလေး ထား      ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊         တိုးတက် ပြောင်းလဲနေသည့်  မျက်မှောက် ခေတ်ကာလတွင် ပြည်သူများဘဝ     အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက် စေရေးအတွက်   ပြည်တွင်းလုံခြုံ ရေးနှင့်    ရပ်ရွာအေးချမ်းသာယာ ရေး၊        တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ     ဆောင်ရွက်ရေး ဆိုသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို   အလေးထားအောင်မြင် အောင်   အကောင်အထည်ဖော် ဆောင်ရွက်သွားရန်    လိုအပ် ကြောင်း။

 


လုံခြုံရေးနှင့်    တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ လိုက်နာရမည့် အစဉ်အလာ ကောင်း   (၁၂)ရပ်၌   ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်    တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့်အချက် နှင့်အညီ    တပ်မတော်နှင့်အတူ လက်တွဲ၍ လက်ရှိ နိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်း ရန်   ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။ 

 


မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့သည် ၁၉၆၅   ခုနှစ်မှစ၍  အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များကို   ရဲတပ်ဖွဲ့၏ အဆင့်အသီးသီး၌ စတင်ခန့်အပ် တာဝန်ပေးခဲ့ပြီး       အမျိုးသမီး ရဲအရာရှိများကို စဉ်ဆက်မပြတ် အမျိုးသားရဲအရာရှိများနှင့်အတူ အောင်မြင်စွာ  မွေးထုတ်ပေးနိုင် ခဲ့ကာ အမျိုးသမီးရဲအရာရှိငယ် များအနေဖြင့်လည်း ပေးအပ်သည့် တာဝန်များကို   စွမ်းရည်ပြည့်ဝ ကျေပွန်စွာ    ထမ်းဆောင်နိုင်ရန် အတွက်  လုပ်ငန်းတာဝန်များကို ရဲရင့်ထက်မြက်စွာ ဆောင်ရွက်နိုင် အောင်      ကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း။ 

 


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ သည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့့် အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပ​ဒေ၊ နည်းဥပဒေ​များနှင့် ထုတ်ပြန်ထားသည့် အမိန့် နှင့် ညွှန်ကြားချက်များကို စောင့် ထိန်းလိုက်နာပြီး       နိုင်ငံတော် စီမံအုပ်ချုပ်ရေး     ကောင်စီ၏ ​ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်  (၉)  ရပ်တို့ကို   အောင်မြင် အောင် မိမိတို့ကျရာ ကဏ္ဍအလိုက်   ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊       လုပ်ငန်းတာဝန်များ     ဆောင်ရွက် ရာမှာ  ဥပဒေလုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များကို   သိရှိနားလည် ကျွမ်းကျင်ပြီး       အဂတိတရား ကင်းရှင်းစွာနှင့် နည်းစနစ်တကျ      မှန်ကန်စွာ ထမ်းဆောင်သွားကြ ရန်  လိုအပ်ကြောင်း   တိုက်တွန်း မှာကြားသည်။ 

 


သင်တန်းဆင်းပွဲအခမ်းအနား သို့ ဒုတိယရဲချုပ် (၂) (လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ်  အောင်နိုင်သူ၊   နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်     (အထက် မြန်မာပြည်)      ပါမောက္ခချုပ် ဦးကျော်စိုး၊    ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်   ဖိတ်ကြား ထားသူများ  တက်ရောက်ခဲ့ကြပြီး အဆိုပါ    ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၀၈) ရဲဗလ တပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုး သား  ၁၉၃ ဦး၊ အမျိုးသမီး  ၁၄၈ ဦး   စုစုပေါင်း   ၃၄၁  ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရ သည်။                    

သတင်းစဉ်