
ကျောက်ဖြူ မေ ၃၁
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် များ၊ ဗဟိုစာရင်းအင်းအဖွဲ့များ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အင်ဂျင်နီယာများနှင့် တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား စာရင်းညှိနှိုင်းခြင်း အပြီးသတ်တွက်ချက်မှုကို ပြန်လည်စိစစ်ဆွေးနွေး ကြသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးက တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် မြေပြင်ကွင်းဆင်းစာရင်းကောက် အဖွဲ့မှ တင်ပြလာသော ပျက်စီးမှုမှတ်တမ်းဓာတ်ပုံများနှင့် ခန့်မှန်းတန်ဖိုးငွေများကို တိုက်ဆိုင်စိစစ်ပြီး စာရင်းဇယားများ မှန်ကန်မှုရှိစေရေး၊ နိုင်ငံတော် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ပျက်စီးဆုံးရှုံးမှုများအား ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာများမှ ဒေသန္တရတန်ဖိုးတွက်ချက်ပေးမှု အပေါ် ဗဟိုစာရင်းအင်းအဖွဲ့မှ နောက်ဆုံးစာရင်း ကိုက်ညှိ တိုက်ဆိုင်စစ်ဆေးပြီးဖြစ်သဖြင့် ကျောက်ဖြူ မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးစာရင်းနှင့် လုပ်ဆောင်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ သို့ အချိန်မီတင်ပြသွားရန်လိုအပ်ကြောင်း မှာကြား ခဲ့သည်။ တင်ထွန်းဦး(ပြန်/ဆက်)