
စစ်ကိုင်း ဇူလိုင် ၂၉
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီး ဌာန ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ယမန်နေ့က ဒီဂရီ ကောလိပ် ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ကျောင်းအုပ် ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများနှင့် ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်း များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ရတနာတန်း ဝင် ကျွန်းပင် ၂၀၀၊ သစ်ပိတောက် ပင် ၃၀၊ ယင်းမာပင် ၇၀ စုစုပေါင်း ပျိုးပင် ၃၀၀ စိုက်ပျိုးခဲ့သည်။ ဒီဂရီကောလိပ်(စစ်ကိုင်း)၌ ယခု မိုးရာသီကာလအတွင်း ပျိုးပင် စုစုပေါင်း ၁၃၀၀ စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
သျှားထက်