ဒုတိယအကြိမ် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့ ပြည်ထောင်စုဝန်ကြီးထံမှ ဩဝါဒခံယူခြင်းနှင့် အသစ်ခန့်အပ်သည့် ဦးစီးအရာရှိများအား မိတ်ဆက်တွေ့ဆုံခြင်း အခမ်း

 

နေပြည်တော်  ဇန်နဝါရီ   ၁၂


မဲခေါင်  - လန်ချန်း   ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၀) အထောက်အပံ့ဖြင့်   ၂၀၂၂   ခုနှစ် ဇန်နဝါရီ  ၁၈ ရက်မှ ဇန်နဝါရီ  ၂၄  ရက်အထိ   ထိုင်းနိုင်ငံသို့   ဒုတိယ အကြိမ်     တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေး   အစီအစဉ် ဖြင့်   သွားရောက်မည့်     ကိုယ်စား လှယ်အဖွဲ့ကို  ဩဝါဒအမှာစကား ပြောကြားသည့်    အခမ်းအနားကို ယနေ့မွန်လွဲပိုင်းတွင်      တိုင်းရင်း သား လူမျိုး များရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌      ကျင်းပ ပြုလုပ်ရာ တိုင်းရင်းသား လူမျိုးများရေးရာ     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးစောထွန်း အောင်မြင့်၊        ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊    အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 


ဦးစွာ ပြည်ထောင်စုဝန်ကြီးက  ယခုကဲ့သို့  နိုင်ငံခြားခရီးစဉ်များ သွားရောက်ရခြင်းသည်  မိမိတို့၏အိမ်နီးချင်းနိုင်ငံများနှင့်    ရင်းနှီး သည့်        ဆက်ဆံရေးရရှိစေရန်၊ မဲခေါင် - လန်ချန်း     နိုင်ငံများ အကြား       တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု  ဓလေ့ထုံးတမ်းများကို ဖလှယ်ရန်၊  တိုင်းရင်းသားရေးရာ မူဝါဒနှင့်  အခွင့်အရေးဆိုင်ရာများ အား   လေ့လာရန်နှင့်   မျှဝေရန်၊ မဲခေါင်ဒေသအတွင်းရှိ  တိုင်းရင်း သားလူမျိုးများအကြား ချိတ်ဆက် ဆောင်ရွက်နိုင်သော    ကွန်ရက် တစ်ခုဖြစ်ပေါ်စေရန်၊      မဲခေါင် ဒေသအတွင်းရှိ နိုင်ငံများအကြား အပြန်အလှန်  နားလည်မှုတိုးတက် လာစေရန်နှင့်     နိုင်ငံခြားအတွေ့ အကြုံရရှိရန်ရည်ရွယ်၍ ဝန်ကြီး ဌာနမှ       ကိုယ်စားလှယ်များအား စေလွှတ်ရခြင်း      ဖြစ်ပါကြောင်း၊  ယခင်   ဒုတိယဝန်ကြီး   ဦးဆောင် သည့်   ၂၇   ဦးပါ    ကိုယ်စားလှယ် အဖွဲ့  ပထမအကြိမ် ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့   စေလွှတ်ခဲ့ပြီးဖြစ် ပါကြောင်း၊  ယခု   ဒုတိယအကြိမ် အဖြစ် ထိုင်းနိုင်ငံသို့  သွားရောက် မည်ဖြစ်ပြီး    ကိုယ်စားလှယ်များ အနေဖြင့်   ခရီးစဉ်တစ်လျှောက် စနစ်တကျ၊         စည်းကမ်းရှိရှိ နေထိုင်သွားလာစေလိုပါကြောင်း၊ စည်းလုံးခြင်းသည်အင်အား   ဆို သည့်စကားအတိုင်း  စည်းလုံးလျှင် အောင်မြင်မည်     ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏  ပန်းတိုင်မှာ တိုင်းရင်းသား     စည်းလုံးညီညွတ် ရေးနှင့်     ငြိမ်းချမ်းရေးတို့ဖြစ်ပြီး နိုင်ငံတော်ကြီး   ငြိမ်းချမ်းသာယာ ဝပြောစေရေး ဝိုင်းဝန်းဆောင်ရွက် ကြစေလိုပါကြောင်း မှာကြားသည်။
ဆက်လက်၍  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က    ခရီးစဉ်နှင့် ပတ်သက်၍ မှာကြားသည်။

 


ထို့နောက် ခရီးစဉ်သို့ လိုက်ပါကြ မည့် ကိုယ်စားလှယ်အဖွဲ့မှ တစ်ဦး ချင်း     မိတ်ဆက်ကြပြီး   တိုင်းရင်း သားအခွင့်အရေးများ   ကာကွယ် စောင့်ရှောက်ရေး   ဦးစီးဌာနမှ    ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေး ကိုက       ခရီးစဉ်နှင့်ပတ်သက်၍   ရှင်းလင်းပြောကြားသည်။  

 


ဆက်လက်၍    အရာထမ်း လောင်းအခြေခံသင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ်    (၁၀)    ကို တက်ရောက်အောင်မြင်ခဲ့ကြသည့် ဦးစီးအရာရှိ    ၂၅     ဦးတို့အား မိတ်ဆက်တွေ့ဆုံခြင်း    အခမ်း အနားကို ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးနှင့်  ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားသည်။

 


ယင်းနောက်    အသစ်ခန့်အပ် သည့် ဦးစီးအရာရှိများက တစ်ဦး ချင်းမိတ်ဆက်ကြပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်