ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ ဒေသတွင်းအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျောင်းသား/ကျောင်းသူများ နေပြည်တော်မှ ထွက်ခွာပြီး ရန်ကုန်မြို့၌ လှည့်လည်ကြည့်ရှုလေ့လာ

 

နေပြည်တော်    ဒီဇင်ဘာ   ၁၅
မြန်မာနိုင်ငံက       အိမ်ရှင်အဖြစ် လက်ခံပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄     ရက်တွင်      နေပြည်တော် MICC-2  ၌  ကျင်းပခဲ့သော ဒသမ အကြိမ်မြောက်             အာဆီယံ ဉာဏ်စမ်းပဟေဠိ      ဒေသတွင်း အဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ နိုင်ငံကိုယ်စားပြု ကျောင်း သား/ ကျောင်းသူများနှင့် အုပ်ချုပ် သူများ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ  ကိုယ်စားလှယ်များသည်   ယနေ့နံနက်ပိုင်းတွင်        ခေတ္တ တည်းခိုသည့်     နေပြည်တော်ရှိ Park Royal Hotel  မှ မော်တော် ယာဉ်ဖြင့်     ပြန်လည်ထွက်ခွာပြီး မွန်းလွဲပိုင်းတွင်     ရန်ကုန်မြို့သို့ ရောက်ရှိကာ ညနေပိုင်းတွင် ရန်ကုန် မြို့တွင်း မော်တော်ယာဉ်ဖြင့် လှည့် လည်ကြည့်ရှုလေ့လာကြသည်။
အဆိုပါအဖွဲ့သည်     ရန်ကုန် မြို့ရှိ   စိန်ဂျွန်း   City   Mall    သို့ သွားရောက်      စျေးဝယ်ကြပြီး ရန်ကုန်မြို့တွင်း         လှည့်လည် ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် သို့ သွားရောက်ဖူးမြော်ကြည်ညို ကြကြောင်း သိရသည်။
သတင်းစဉ်