ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို အိန္ဒိယအစိုးရက ပေးပို့လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ်များ ပေးအပ်လှူဒါန်း

 

နေပြည်တော်   ဧပြီ     ၂၀


ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို  အိန္ဒိယအစိုးရက ပေးပို့လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေးနှင့် တာဝန်ရှိသူများက ဒေသခံ ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ်လှူဒါန်းသည်။

 


ထိုသို့ပေးအပ်လှူဒါန်းရာတွင် ဒလမြို့နယ်အတွင်းရှိ ညောင်ကုန်း  ရပ်ကွက်၊   အောင်မင်္ဂလာရပ်ကွက် နှင့်  ကျေးရွာ  ၂၁  ရွာတို့မှ  ဒေသခံ ပြည်သူ  အိမ်ထောင်စု  ၁၁၂၁၄  စု အတွက် ဆန်အိတ် ၁၁၂၁၄ အိတ် ကို လည်းကောင်း၊ အိမ်ထောင်စု တစ်စုလျှင်    ဂျုံတစ်ကီလိုဂရမ် နှုန်းဖြင့် အိမ်ထောင်စု ၁၁၂၁၄ စု အတွက် ဂျုံအိတ် ၂၇၇ အိတ်ကို လည်းကောင်း       ပြည်သူများ လက်ဝယ်အရောက်     ပေးအပ် လှူဒါန်းကြောင်း     သတင်းရရှိ  သည်။                      

သတင်းစဉ်