ဒလ-ရန်ကုန်(ဝါးတန်း)ကားကူးဇက်ဖြင့် နေ့စဉ်ကားစီးရေ ၃၅၀ ကျော် ပို့ဆောင်ပေးလျက်ရှိ

 

ရန်ကုန်   ဇန်နဝါရီ  ၁၆


ပြည်တွင်းရေကြောင်း   ပို့ဆောင် ရေးမှ    ဒလ-ရန်ကုန်  (ဝါးတန်း) ကားကူးဇက်ဖြင့်  နေ့စဉ် ကားစီး‌ ရေ ၃၅၀‌ကျော် ဖြတ်သန်းပို့ဆောင် ပေးလျက်ရှိကြောင်း      ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ   သိရ သည်။ 

 


‘‘ကိုဗစ်-၁၉   ရောဂါကာလ ထက်စာရင်    ကားသွားလာမှု များလာကြတယ်။       ကားများ   နှောင့်နှေး ကြန့် ကြာမှုနည်းပါးစေဖို့ အကူရေယာဉ် တစ်စင်းနဲ့လည်း   ပြေးဆွဲပေးနေပါတယ်။ ကားသေး ဆို  အစီးရေ ၃၀ ကျော်  ဆံ့တယ်။ ကားကြီးဆို   ၂၀  လောက်ပဲဆံ့တယ်။    လှိုင်သာယာ      ဘက်ကသွားရင်    တစ်နာရီ‌ကျော်  ကြာပါတယ်။  

 

 လမ်းပန်းဆက်သွယ်ရေး ချောမွေ့ လာတော့   ကားများရင်များသလို   ဆွဲပေးပါတယ်’’ဟု   ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ  အကြီး တန်းစာရေး   ဦးကျော်နိုင်ဦးက   ပြောသည်။

 


‘‘ကျွန်တော်တို့ လူမှုရေးကိစ္စနဲ့  ဖျာပုံကိုသွားမှာပါ။   လှိုင်သာယာ ဘက်ကသွားရင်   သုံးနာရီကျော် ကြာပါတယ်။ ဒလကို ကားကူးဇက် နဲ့ဖြတ်သွားတော့ မိနစ်၂၀လောက် ပဲ ကြာတယ်။ ဖျာပုံကို   နှစ်နာရီ ကျော်လောက်ပဲ  မောင်းရမှာပါ’’ ဟု ရန်ကင်းမြို့နယ်မှ ဦးမောင် မောင်ဦးက ပြောသည်။

 


အဆိုပါ  ကားကူးဇက်သည် ဒလဆိပ်ကမ်းမှ နံနက် ၆ နာရီမှ ညနေ ၆   နာရီ   ၄၅  မိနစ်အထိ (နောက်ဆုံးခေါက်)၊        ရန်ကုန် (ဝါးတန်း)ဆိပ်ကမ်းမှ     နံနက် ၇ နာရီမှ ညနေ ၆ နာရီ ၄၅ မိနစ်အထိ (နောက်ဆုံးခေါက်)ရောက်ထွက် စနစ်ဖြင့် ခေါက်ရေနှင့်အချိန်များပိုမိုတိုးချဲ့ပြေးဆွဲပေးနေကြောင်း၊ ယာဉ်အမျိုးအစားအလိုက် ငွေကျပ် ၁၀၀၀ မှ   ၆၀၀၀ အထိ လည်း‌ ကောင်း၊ စက်ဘီးငွေကျပ် ၁၀၀၊ ဆိုက်ကားငွေကျပ်၂၀၀၊‌ ဆိုင်ကယ် ငွေကျပ် ၅၀၀ နှုန်းများ သတ်မှတ်‌ ထား‌ကြောင်း သိရသည်။ စီးပွား‌ရေး မြို့တော်  ရန်ကုန်မြို့သို့     ၀င်ထွက် သွားလာရာတွင်      ဒလမြို့နယ် ဒေသခံအပါအ၀င်         တွံတေး၊ ကော့မှူး၊    ကွမ်းခြံကုန်းမြို့နယ် များနှင့်    ဧရာ၀တီတိုင်း‌ဒေသကြီး အတွင်းရှိ     အနယ်နယ်အရပ်ရပ် ပြည်သူများ၊ စီးပွားရေး၊   လူမှု‌ရေး၊    ကျန်းမာရေးကိစ္စများ ဆောင်ရွက် ရန်အတွက်       ကားကူးဇက်ဖြင့်‌ နေ့စဉ်   သွားလာလျက်ရှိ‌ကြောင်း သိရသည်။                

 အာကာစိုး