
နေပြည်တော် အောက်တိုဘာ ၂၈
အခြေခံပညာဦးစီးဌာန၏ လမ်းညွှန် မှုဖြင့် ဒက္ခိဏသီရိမြို့နယ် ပညာ ရေးမှူးရုံးနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ရှေးဦး ပြုစုခြင်း အမှတ်စဉ် (၁ /၂ /၃ /၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ်(၁၈) အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ခရိုင်ပညာ ရေးမှူး ဦးကျော်စိုးဝင်း၊ ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်ခင်လှနှင့် ကော်မတီ ဝင်များ၊ ဒက္ခိဏသီရိမြို့နယ် ပညာ ရေးမှူး ဦးမင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာ အထက်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်း သား ကျောင်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်ပညာရေးမှူးတို့က အမှာ စကားပြောကြားကြပြီး မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ကျောင်းသား ကျောင်းသူတို့ကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
ယင်းနောက် မြို့နယ်ကြက် ခြေနီ အသင်းခွဲဥက္ကဋ္ဌက သင်တန်းဆင်း လက်စွဲစာအုပ်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ မြို့နယ်ပညာရေးမှူးက လက်ခံ ရယူပြီး(ဝဲပုံ) ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းကို ဒက္ခိဏ သီရိမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း ၁၃ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၅၇ ဦး တို့ကို အောက်တိုဘာ ၁၈ ရက်မှ ၂၈ ရက်အထိ ကြက်ခြေနီလှုပ်ရှား မှု အခြေခံမူများ၊ လူနာဆန်းစစ် ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယို စီးခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အပူလောင်ခြင်းနှင့် အရည် ပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်း၊ မြွေကိုက်ခြင်း၊ အရိုးအဆစ်နှင့် ကြွက်သားဒဏ်ရာများ၊ ဦးခေါင်း ဒဏ်ရာနှင့် ကျောရိုးတန်းမကြီး ဒဏ်ရာများ၊ သတိလစ်ခြင်း၊ အထွေထွေ အရေးပေါ်အခြေ အနေ၊ ဆို့နင်ခြင်း၊ နားကြပ် အသုံးပြုပုံနှင့် RICE စည်းနည်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်း နည်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံ အသက်ကယ် အထောက်အကူ ပြုနည်းနှင့် စိတ်ချရသော ဘေးစောင်းအနေအထား ဘာသာ ရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရ သည်။
ဟိန်းမင်းစိုး(သတင်းစဉ်)