
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာအတွင်းနှင့် တန့်ဆည်မြို့နယ်
အုတ်ဖိုအိုင်ကျေးရွာအနီးတို့၌ ခိုအောင်းနေထိုင်လျက်ရှိပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ကိုင်လျက်ရှိသည့်
KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို တိုက်ခိုက်ချေမှုန်း
နေပြည်တော် စက်တင်ဘာ ၁၆
KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမား များအနေဖြင့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာအနီး မှတစ်ဆင့် သယ်ယူပို့ဆောင်မည်ဖြစ်ကြောင်းနှင့် လက်ယက်ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း NLD ပါတီထောက်ခံသူ အစွန်းရောက် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များ ခိုအောင်းနေထိုင်လျက်ရှိကာ ဒီပဲယင်းမြို့နယ်အတွင်း အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများကို အဓမ္မဆက်ကြေးတောင်းခံခြင်းများ ပြုလုပ် လျက်ရှိကြောင်း အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရ သဖြင့် ယနေ့တွင် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အဆိုပါ နေရာသို့ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်၍ အလစ်အငိုက် ဝင်ရောက် စစ်ဆေးခဲ့သည်။
ထိုသို့ ဝင်ရောက်စစ်ဆေးစဉ် KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက် သမားများက ကျေးရွာသူ ကျေးရွာသားများကို လူသား တံတိုင်းသဖွယ် အသုံးပြုအကာ အကွယ်ယူ၍ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း အတွင်း တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ ပြီး အကြမ်းဖက်သမားများ သည် အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆုတ် ခွာ ထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာရာနောက်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်လံ ချေမှုန်းလျက်ရှိပြီး ဖြစ်စဉ် ဖြစ်ပွားရာနေရာ တစ်ဝိုက်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ရာ KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ဆေးခန်းအတွင်း သိုဝှက်ထား သည့် လက်လုပ်မိုင်း ၁၆ လုံး၊ ရှော့တိုက်ပြောင်း ခုနစ်ခု၊ လက်လုပ် DROP BOMB ရှစ် လုံးနှင့် စကားပြောစက်တစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် KIA လက်နက် ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက် သမားများက ကျေးရွာသူ ကျေးရွာသားများနှင့် နေအိမ်များကို လူသားတံတိုင်း သဖွယ် အသုံးပြုအကာအကွယ်ယူ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ အချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိပြီး အရေးကြီးလူနာများကို နီးစပ် ရာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
အကြမ်းဖက်သမားများ အနေ ဖြင့် ကျေးရွာသူ ကျေးရွာသား များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ကျေးရွာနေ ပြည်သူလူထု၏ နေအိမ်များအား ယခုကဲ့သို့ အကာအကွယ်ရယူ တိုက်ခိုက်ခြင်းသည် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ် မှု ကျူးလွန်ရာရောက်ပြီး ထိုကဲ့ သို့ ကျူးလွန်သူများကို အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက် စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ကျေးရွာအနီး ပတ်ဝန်း ကျင် အနီးတစ်ဝိုက်တွင်လည်း PDF အမည်ခံ အကြမ်းဖက် သမားများ ခိုအောင်းနေထိုင် လျက်ရှိပြီး အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ကာ ဒေသခံများကို ခြိမ်းခြောက် အကြမ်းဖက်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများ ပြုလုပ်လျက် ရှိကြောင်း အေးချမ်းစွာနေထိုင် လိုသည့် တာဝန်သိဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့ မွန်းလွဲပိုင်း တွင် သွားရောက်ကင်းလှည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမား ၃၀ ခန့်နှင့် အပြန်အလှန်ထိတွေ့ မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများအနေဖြင့် အနောက် ဘက်သို့ အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားသည်။ ဆုတ်ခွာရာနောက်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်လံ ချေမှုန်းလျက်ရှိပြီး ဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦးကို အသေဖမ်းဆီးရမိခဲ့ကာ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်