ဒီမိုကရေစီစနစ်ကိုတည်ဆောက်ရာတွင် ပြည်သူများ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည့်အတွက် ပြည်သူများ အသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၁၆


ပြန်ကြားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးသည်။ 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်     ရုပ်မြင်သံကြားရှိ  Conference Room ၌ ရုပ်သံလိုင်းများမှ  သတင်းဖတ်ကြားသူများ၊    သတင်း အယ်ဒီတာများနှင့် တွေ့ဆုံသည်။ 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မီဒီယာကဏ္ဍသည်  အလွန်အရေးပါပြီး နိုင်ငံတော်ကို   ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်ရာတွင်     အရေးကြီး ကြောင်း၊   ခေတ်နှင့်လျော်ညီသော၊  နုပျို သစ်လွင်သော စိတ်ဝင်စားဖွယ်အစီအစဉ် ကောင်းများ     စီစဉ်ထုတ်လွှင့်နိုင်ရေး အတွက် MRTV News Channel ကို တိုးချဲ့စမ်းသပ်   ထုတ်လွှင့်ပေးလျက်ရှိ ကြောင်း၊ နုပျိုသစ်လွင်သည့် တင်ဆက်မှု များကို     အများပြည်သူဝန်ဆောင်မှု မီဒီယာပုံစံဖြင့် ပြည်သူ့အတွက် ဦးစားပေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒီမို ကရေစီစနစ်ကို  တည်ဆောက်ရာတွင် ပြည်သူများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးသည့်အတွက်    ပြည်သူများ အသိမှန်၊  အမြင်မှန်၊  အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့်   ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော် ၏   ဂုဏ်သိက္ခာမြင့်မားရေး၊     ဌာန၏ ဂုဏ်သိက္ခာမြင့်မားရေး၊      တည်ငြိမ် အေးချမ်းရေးနှင့်     ဖွံ့ဖြိုးတိုးတက်ရေး အတွက်     မီဒီယာနည်းလမ်းများဖြင့် အတတ်နိုင်ဆုံး  ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက်    ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ     ညွှန်ကြားရေးမှူး (ရုပ်မြင်) ဒေါ်မိုးသူဇာအောင်က  လက်ခံ ရယူသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည်   မြန်မာ့အသံနှင့်ရုပ်မြင် သံကြား  စိန်ရတုပြတိုက်တည်ဆောက် ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး   ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။                   

သတင်းစဉ်