ဓားစာခံအဖြစ်အဖမ်းခံထားရသည့် မိဘမဲ့ဂေဟာက ကလေး ၃၅ ဦးနှင့် တာဝန်ရှိသူ လေးဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်ကယ်ထုတ်နိုင်ဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေ

နေပြည်တော်  ဒီဇင်ဘာ  ၁၃


စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပါတ်မြို့ရှိ မိဘမဲ့ဂေဟာမှ ကလေးငယ် ၃၅ ဦးနှင့် တာဝန်ရှိသူ လေးဦးကို တပ်မတော် မှ ဓားစာခံအဖြစ်ဖမ်းဆီးထားသဖြင့် ဒေသကာကွယ် ရေးတပ်ဖွဲ့များက      ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်ဟု  မဟုတ်မမှန်ကောလာဟလသတင်းများ    ရေးသား ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။


အဆိုပါသတင်းနှင့်ပတ်သက်၍   သက်ဆိုင်ရာ နယ်မြေရှိ ဒေသခံတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်း ရာ “သတင်းအမှားသာဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူလူထု၏   အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိရာ မည်သည့်အခါမျှ ပြည်သူလူထုကို အနိုင်ကျင့်ဖမ်းဆီးခေါ်ဆောင်ခြင်း များ ပြုလုပ်မှုမရှိပါကြောင်း၊  ပြည်ဖျက်မီဒီယာများ အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ် များကို ဖုံးကွယ်ပေးရန်အတွက် မဟုတ်မမှန်သတင်း များကို   ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း” သတင်းရရှိသည်။                      

သတင်းစဉ်