ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

 

ရန်ကုန် ဖေဖော်ဝါရီ  ၁၃


(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်း တွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၌လည်း အမှတ် (၃၇)ရပ်ကွက်ရှိ  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌   ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားတွင်  တက်ရောက်လာကြသူများက  နိုင်ငံတော်အလံကို အလေးပြုကြပြီး ကျဆုံးလေပြီးသော  အာဇာနည်ခေါင်းဆောင်ကြီးများ အား အလေးပြုသည်။ ထို့နောက်  စိန်ရတုပြည်ထောင်စုနေ့  အထိမ်း အမှတ်  သဝဏ်လွှာဖတ်ပွဲကို   ဆက်လက်ကျင်းပရာ   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့  သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က ဖတ်ကြားသည်။ ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်း သား  ကျောင်းသူများအား  တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။

 


အခမ်းအနားသို့ ဒဂုံမြို့သစ်မြောက်ပိုင်း  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့် သည်တော်များ၊  ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။                               
 

မြင့်မြင့်ရီ(ဒဂုံမြောက်)