ဒေသတွင်းတိုးတက်မှုအတွက် ခန့်မှန်းချက်များကို အာရှဖွံ့ဖြိုးရေးဘဏ်က အဆင့်လျှော့ချ

 

ယူကရိန်းစစ်ပွဲဖြစ်ပွားခြင်း၊ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ငွေကြေးဖောင်းပွမှုကိုတိုက်ဖျက်ရန် အတိုးနှုန်းများ ဆက်တိုက်မြှင့်တင်ခဲ့ခြင်းနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုတို့ကို အကြောင်းပြု၍ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)သည် ဒေသတွင်းတိုးတက်မှုအတွက် ခန့်မှန်းချက်များကို အဆင့်လျှော့ချလိုက်သည်ကို မြင်တွေ့ရသည်။

 


ဖိလစ်ပိုင်နိုင်ငံ   မနီလာအခြေစိုက် ADB ဘဏ်က ဖွံ့ဖြိုးဆဲအာရှနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုအတွက် ခန့်မှန်းချက်ကို ယခင်ခန့်မှန်း ထားသည့် ၅ ဒသမ ၂ ရာခိုင်နှုန်းမှ ၄ ဒသမ ၃   ရာခိုင်နှုန်းသို့     ပြန်လည်ပြင်ဆင်ခဲ့သည်။ ဖွံ့ဖြိုးဆဲအာရှနိုင်ငံများသည် တရုတ်နိုင်ငံထက် ပိုမိုလျင်မြန်စွာ ကြီးထွားလာမည်ဟု ဆယ်စုနှစ် သုံးခုအတွင်း   ပထမဆုံးအကြိမ်အဖြစ်   ADB မှ   စီးပွားရေးပညာရှင်များက  သုံးသပ်ချက်  ထုတ်ပြန်ထားသည်။

 


ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးရှိသည့် တရုတ်နိုင်ငံသည် ယခုနှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းဖြင့်  ချဲ့ထွင်လာခဲ့သော်လည်း ၂၀၂၁  ခုနှစ်ကထက် ၈ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်း ခဲ့ခြင်းဖြစ်ပြီး  ADB ၏ ဧပြီလ ခန့်မှန်းထားသော ၅  ရာခိုင်နှုန်းသို့   ရောက်ရှိရန်   ကွာခြားချက် မြင့်မားဆဲဖြစ်ကြောင်း တွေ့ရှိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရောဂါထိန်းချုပ် ရေးဆိုင်ရာ အစီအမံများ၊ ပိတ်ဆို့မှုများနှင့်အတူ  ပိုမိုဆိုးရွားလာခဲ့သော         တရုတ်စီးပွားရေး နှေးကွေးမှုသည် ပိုမိုသိသာလာခဲ့ပြီး တိုးတက်မှု နှုန်းမှာလည်း  တစ်နှစ်ထက်တစ်နှစ် ကျဆင်း လာခဲ့သည်။

 


အိန္ဒိယနိုင်ငံနှင့်    မော်လ်ဒိုက်နိုင်ငံတို့သည် ၇ ရာခိုင်နှုန်းနှင့် ၈ ဒသမ ၂  ရာခိုင်နှုန်းဖြင့် တိုးတက်မှု အမြန်ဆုံးနိုင်ငံများအဖြစ် ခန့်မှန်း ထားပြီး  ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကြွေးမြီများပေးချေရန်နှင့် သွင်းကုန်တင်သွင်းရန် အခက်အခဲများစွာ   ကြုံတွေ့နေရသော   သီရိ လင်္ကာတွင်  ယခင်နှစ်တိုးတက်မှုနှုန်း ၃ ဒသမ ၃  ရာခိုင်နှုန်းရှိခဲ့ရာမှ   ယခုနှစ်တွင် ၈ ဒသမ ၈ ရာခိုင်နှုန်း ကျုံ့သွားဖွယ်ရှိကြောင်း ခန့်မှန်း ထားသည်။

 


ADB ဘဏ်ခန့်မှန်းချက်အရ အာရှနိုင်ငံများ တွင် ကြုံတွေ့ရသော   ငွေကြေးဖောင်းပွမှုသည် အမေရိကန်နှင့် အခြားဖွံ့ဖြိုးပြီး နိုင်ငံများထက်  လျော့နည်းဖွယ်ရှိကြောင်း    ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်တွင်  ၄  ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်း ထားပြီး လျော့ကျသွားသည်ကို တွေ့ရသည်။ ထို့အတူ  ကြွေးမြီဝန်ထုပ်ဝန်ပိုး  မြင့်မားခြင်းနှင့် စီးပွားရေးနှေးကွေးမှုများကြောင့်  လာအိုနှင့် ပါကစ္စတန်နိုင်ငံတို့တွင်  ငွေကြေးဖောင်းပွမှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့သည်။

 


ဆန်စပါး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်း များ   မြင့်တက်လာခြင်းသည်   ကုန်ဈေးနှုန်း မြင့်တက်ရခြင်း၏    အဓိကအကြောင်းရင်းများ ဖြစ်ပြီး မကြာသေးမီက  ကမ္ဘာ့စားနပ်ရိက္ခာနှင့် စွမ်းအင်ဈေးနှုန်းများ ကျဆင်းလာသော်လည်း ပြည်တွင်းကုန်စျေးနှုန်းများ လိုက်ပါကျဆင်းရန် အတွက်  အချိန်တိုအတွင်း ဖြစ်လာမည်မဟုတ် ကြောင်း သုံးသပ်တွေ့ရှိရသည်။

 


အရှေ့တောင်အာရှ   နိုင်ငံအများစုသည် ခရီးသွားလုပ်ငန်းကို   ပြန်လည်ဖွင့်လှစ်ပြီး ပြည်တွင်း ခရီးစဉ်များအပြင် ပြည်ပခရီးသွားများ ပါ  လာရောက်နိုင်ရေးအတွက်   အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးတိုးတက်မှု နှုန်းကို      ဆက်လက်ထိန်းထားနိုင်မည်ဟု မျှော်လင့်ရသည်။    စက်တင်ဘာ  ၂၁  ရက်တွင် ထုတ်ပြန်ခဲ့သော အာရှဖွံ့ဖြိုးတိုးတက်မှု အလား အလာ ၂၀၂၂ (Asian Development Outlook  2022) ၏ နောက်ဆုံးအခြေအနေတွင် ADB က အင်ဒိုနီးရှား၊   မြန်မာနှင့်   ဖိလစ်ပိုင်တို့ တွင်   ကိုဗစ်ကြောင့်  နယ်စပ်များ  ပိတ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်တွင်း စားသုံးသူသုံးစွဲမှု၊  ရင်းနှီးမြှုပ်နှံမှုနှင့်   ပြည်ပ အလုပ်သမားများထံမှငွေလွှဲများ ဝင်ရောက်ခြင်း တို့ကြောင့်         စီးပွားရေးလုပ်ငန်းများ       ပိုမို        အားကောင်းလာစေသည်ဟု      ဖော်ပြ ထားသည်။

 


သို့သော်  အဆိုပါလုပ်ငန်းများသည်လည်း အားနည်းလျက်ရှိသည်ကိုတွေ့ရှိရပြီး ဒေသတွင်း ပို့ကုန်တင်ပို့မှုသည် ဇူလိုင်လနှင့် ဩဂုတ်လတို့ တွင် သိသိသာသာ ကျဆင်းခဲ့ကြောင်း၊  ယခုနှစ် ပထမခြောက်လပတ်အထိ   ဒေသတွင်း  ပို့ကုန် တင်ပို့မှုသည်  ယခင်နှစ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရှိရ သော်လည်း    ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် သာဖြစ်ပြီး အမှန်တကယ် ပို့ကုန်တိုးတက်မှုမှာ ၅ ဒသမ ၂ ရာခိုင်နှုန်းသာဖြစ်ကြောင်း ဖော်ပြ ထားသည်။ 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊