
နေပြည်တော် အောက်တိုဘာ၂၈
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက် ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိသည်။
ညှိနှိုင်းဆောင်ရွက်
ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တောင်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များသည် ပဲခူးတပ်နယ်၊ နယ်မြေခံတပ်ရင်းရှိ စံပြဘက်စုံ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးခြံရှိ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ ကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး နှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်