ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇူလိုင်  ၂၉


ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့်  ပြည်သူများ၏  စားသောက်ရေးကို   အထောက်အကူဖြစ်စေရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ်၊ စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၌ အသားတိုးကြက်မွေးမြူထားရှိမှု၊ Evap Type ဥစားကြက် မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူထားရှိမှု၊ အသားတိုးနွား မွေးမြူထားရှိမှု၊ DYL ဝက်မွေးမြူထားရှိမှုနှင့် နေရောင်ပြအင်း၌ ငါးမွေးမြူရေးလုပ်ငန်း၊ ဘဲမွေးမြူရေးလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်