
နေပြည်တော် ဧပြီ ၄
ဒေသတွင်းစားနပ် ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့နံနက်ပိုင်းက ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိသူများ သည် တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး၊ မွေးမြူရေးစခန်း၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အစာစပ် စက်ရုံအစာ ထုတ်လုပ်မှု အခြေအနေများနှင့် ခြံထွက်သီးနှံများနှင့် စားသောက် ကုန်ပစ္စည်း အရောင်းဆိုင်တို့ကို ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်