ဒေသထွက်ကုန်ပစ္စည်းများမှ တန်ဖိုးမြှင့်ကုန်ချောပစ္စည်းများတိုးတက်ထုတ်လုပ်နိုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေး

 

ပဲခူး   အောက်တိုဘာ   ၂၀


ဆောင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်၍ ဆီထွက်သီးနှံများဖြစ်သော ပဲအမျိုးမျိုးနှင့် ဆောင်းနေကြာ  စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းဝယ်ယူကာ စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊  တစ်နှစ်  သုံးသီး  စိုက်ပျိုးမည့်နေရာများတွင်  ရက်တိုပြီး  အထွက်တိုးသည့် မျိုးကောင်းမျိုးသန့်များ   အချိန်မီစိုက်ပျိုးနိုင်ရေး  ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။

 


ပဲခူးတိုင်းဒေသကြီး    အစိုးရ အဖွဲ့ရုံး    တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌    အောက်တိုဘာ ၁၉ ရက်  နံနက်ပိုင်းက  ကျင်းပ သည့်  ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့      ဥက္ကဋ္ဌများ  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်    တိုင်း ဒေသကြီး  ဝန်ကြီးချုပ်က  ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 


ဆက်လက်၍ တိုင်းဒေသကြီး  ဝန်ကြီးချုပ်က       ကြီးထွားနှုန်း ကောင်းပြီး ဈေးကွက်ခိုင်မာသော ဒေသ  ကြက်မွေးမြူရေးလုပ်ငန်း များနှင့် နို့စားနွား တိုးချဲ့မွေးမြူနိုင် ရေး  အသိပညာပေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ တိရစ္ဆာန် အစာကိုလည်း       ဒေသထွက်  ကုန်ကြမ်းပစ္စည်း အများဆုံးအသုံး ပြု၍ ထုတ်လုပ်နိုင်ရေး နည်းပညာ ပေးခြင်း၊ လက်တွေ့သင်ကြားပေး ခြင်းများကို       တစ်မြို့နယ်လျှင် တစ်လ   ကျေးရွာ  ၁၀  ရွာနှုန်း ကွင်းဆင်းဆောင်ရွက်   သင်ကြား ပေးရမည်ဖြစ်ကြောင်း၊ ဒေသထွက် ကုန်ပစ္စည်းများမှ       တန်ဖိုးမြှင့် ကုန်ချော        ပစ္စည်းများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက် များကို ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြည့်ဆည်းဆောင် ရွက်   ပေးကြရမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်မြို့နယ်လျှင်     ထုတ် ကုန်တစ်မျိုး   ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ဈေးကွက်ယှဉ်ပြိုင်မှုတွင်     ကုန် ပစ္စည်း       အရည်အသွေးအပြင် ထုပ်ပိုးမှုစနစ်သည်   အရေးကြီး  သဖြင့်  လိုအပ်သော  နည်းပညာ၊  စက်ပစ္စည်းနှင့် ကုန်ကြမ်းရရှိရေး  ပူးပေါင်း   ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက အုပ်ချုပ် ရေး၊   စိုက်ပျိုးရေး၊    မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက် များကို     ရှင်းလင်းတင်ပြကြရာ အစိုးရအဖွဲ့   တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ဖြည့်စွက်ရှင်းလင်းတင်ပြ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က  လိုအပ်သည်များ   မှာကြားခဲ့ ကြောင်း သိရသည်။  


သတင်းစဉ်