
နေပြည်တော် ဇူလိုင် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်က ဒေါက်တာမောင်မောင် ရေးသားသည့် “သားမောင်စစ်သည်သို့” စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်သည်။ ယင်းစာအုပ်မှာ စတုတ္ထအကြိမ်ထုတ်ဝေခြင်း ဖြစ်သည်။ ကိုယ်တိုင် လည်း တပ်မတော်သားဖြစ်ပြီး တပ်မတော်သားစစ်သည်တို့၏ ဖခင် ဖြစ်သူက တပ်မတော်သည် နိုင်ငံတစ်နိုင်ငံအား အရေးပါသည့် အခန်းကဏ္ဍ ဖြစ်ကြောင်း ရေးသားထားသည့် စာအုပ်ဖြစ်သည်။
စာရေးသူသည် ၁၉၄၃ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်တွင် စတင်တာဝန်ထမ်းဆောင်ကာ မင်္ဂလာဒုံစစ်တက္ကသိုလ် စတုတ္ထပတ် ဗိုလ်သင်တန်း တက်ရောက်ခဲ့သည်။ ထိုမှ ရန်ကုန်တက္ကသိုလ် တက်ရောက်ကာ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့၊ ဥပဒေဝိဇ္ဇာဘွဲ့၊ ဥပဒေ ပါရဂူဘွဲ့တို့ ရရှိခဲ့သူဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ကထိက၊ ပြန်ကြားရေးဌာန နယူးတိုင်းသတင်းစာ အယ်ဒီတာဘဝမှသည် တရားသူကြီးချုပ်၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ဗမာ့တပ်မတော်တွင် ခေတ္တတာဝန်ထမ်းခဲ့စဉ်အတွင်း တော်လှန် ရေး၊ စစ်ရေး အတွေ့အကြုံများကို သားဖြစ်သူ တပ်မတော်သားစစ်သည် ကို ရည်စူးကာ ရေးသားခဲ့ခြင်းဟုဆိုသော်လည်း သားမောင်စစ်သည် များ၊ တိုင်းပြည်၏သားကောင်းရတနာများအားလုံးအတွက် ရည်ရွယ် ရင်း ဖြစ်သည်။ မိမိ၏ ငယ်ဘဝ၊ ဗမာ့ကာကွယ်ရေးတပ်မတော်သားဘဝ၊ စစ်တက္ကသိုလ်ကျောင်းသားဘ၀၊ တက္ကသိုလ် ကျောင်းဆရာဘဝ၊ ပြန်ကြားရေးဌာန အယ်ဒီတာဘဝ၊ လန်ဒန်ပညာတော်သင်ဘဝတို့နှင့် အတူ နိုင်ငံ၏အကျိုးကို တပ်မတော်သည် ပြည်သူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများကို စုံလင်စွာ ရေးသားထားသည်။
စာအုပ်တွင် စာမျက်နှာ ၂၇၇ မျက်နှာ ပါဝင်ပြီး အခန်း ၈ ခန်း ပါဝင်သည်။ တန်ဖိုးငွေကျပ် ၅၀၀၀ ဖြင့် ရန်ကုန်မြို့ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင်ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၂ - ၄၀၃၀၁၈၆ တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်