De-dollarization နှင့်အတူ…

Type

 

တင်ဇာ (IR)

De-dollarization ဆိုသည်မှာ ကမ္ဘာ့ကုန်သွယ်ရေး၊ ငွေကြေးလည်ပတ်စီးဆင်းမှုတို့တွင် ဒေါ်လာအစား အခြားသော ငွေကြေးစနစ်များကို ပြောင်းလဲကျင့်သုံး ခြင်းဖြစ်စဉ် ဖြစ်ပါသည်။ ယင်းဖြစ်စဉ်တွင် နိုင်ငံသုံးငွေကြေး၊ ပြည်တွင်းငွေပေးချေမှုနှင့် အရန်ငွေကြေးစနစ်တို့ကို ပြောင်းလဲပြင်ဆင်ကျင့်သုံးခြင်းတို့ ပါဝင် နေပါသည်။ အမေရိကန်ဒေါ်လာသည် ယေဘုယျအားဖြင့် နိုင်ငံတကာ အရန်ငွေကြေးအဖြစ်လည်းကောင်း၊ နိုင်ငံတကာကုန်သွယ်ရေးအတွက် လည်းကောင်း နှစ်ပေါင်း ၈၀ နီးပါးခန့် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ သို့သော် အမေရိကန်ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် စုဆောင်းခြင်းသည် ၂၀၀၁ ခုနှစ်တွင် ၇၃  ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၅၈ ရာခိုင်နှုန်းသို့ ကျဆင်းလာကြောင်း တွေ့ရပါသည်။ ထိုကဲ့သို့ နိုင်ငံအများစုက အခြားသောငွေကြေးကို ပြောင်းလဲသုံးစွဲရန်ကြိုးပမ်းနေကြသော်လည်း ၂၀၂၂ ခုနှစ် ဧပြီလ၏ နိုင်ငံတကာ ကုန်သွယ်ရေး စုစုပေါင်းတွင် ဒေါ်လာတစ်ခုတည်းက ၈၈ ရာခိုင်နှုန်း အထိ လွှမ်းမိုးလျက်ရှိနေကြောင်း တွေ့နေရသေးပါသည်။
စိုးရိမ်မှုများမှသည် De-dollarization ဆီသို့ 
နိုင်ငံအများစုသည် ဒေါ်လာအပေါ်မှီခိုမှု လျှော့ချ ရန် ကြိုးပမ်းလာကြသည်ကို တွေ့ရပြီး ယင်းမှာ အကြောင်းအရင်းမျိုးစုံအပေါ် အခြေခံလျက်ရှိနေပါ သည်။ ကနဦးအချက်မှာ နိုင်ငံတကာအရေးအရာများ တွင်   အမေရိကန်၏    ပြုမူလှုပ်ရှားမှုများအပေါ် စိတ်မသက်မသာဖြစ်လာခြင်း အထူးသဖြင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့သော       အခြေအနေများကြောင့် ဖြစ်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခတွင် ရုရှား၏ နိုင်ငံခြားအရန်ငွေများကို ထုတ်မရအောင် ပိတ်ထား ခြင်း၊ နိုင်ငံတကာငွေပေးချေစနစ် SWIFT အတွင်းမှ ရုရှားဘဏ်များကို ထုတ်ပယ်ခြင်းစသော ဒဏ်ခတ် ပိတ်ဆို့မှုများသည်      ဒေါ်လာအရန်ငွေများစွာ စုဆောင်းထားသည့်နိုင်ငံများ အထူးသဖြင့် တောင် ကမ္ဘာခြမ်းမှ  ထွန်းသစ်စစီးပွားရေးအင်အားစုများ ကို အချက်ပေးသကဲ့သို့ ဖြစ်လာပါသည်။ 
ဒုတိယအကြောင်းအချက်မှာမူ အမေရိကန်၏ စီးပွားရေးကျင့်စဉ်အချို့ကြောင့်     ဒေါ်လာတန်ဖိုး သည် စိတ်ချရသော အနေအထားမရှိသည့်အတွက် နိုင်ငံအတော်များများက စိုးရိမ်မှုမြင့်မားလာကြခြင်း ဖြစ်သည်။ အမေရိကန်၏      ပြည်တွင်းကြွေးမြီမှာ ၃၂ ထရီလီယံဒေါ်လာနီးပါးရှိကာ ၂၀၂၇ ခုနှစ်တွင် ၄၄ ထရီလီယံအထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထား သည်။   ကမ္ဘာ့အကြီးဆုံး    စီးပွားရေးအင်အားစု အမေရိကန်အနေဖြင့် ၎င်း၏ ကြွေးမြီများကို  မဆပ် နိုင်လျှင် ၎င်း၏ နိုင်ငံသားများကိုသာမက   ကမ္ဘာ တစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများနှင့်   ငွေကြေး စျေးကွက်များအပေါ် အကြီးအကျယ် သက်ရောက် မှုရှိလာမည်ဖြစ်သည့်အတွက် အားလုံးက စိုးရိမ် ကြီးစွာ စောင့်ကြည့်နေရပါသည်။ 
တတိယအချက်မှာမူ     ပြည်တွင်းငွေကြေး ဖောင်းပွမှုကို တိုက်ဖျက်ရန် အမေရိကန် ဗဟိုဘဏ် က      မကြာသေးမီကာလအတွင်း     အတိုးနှုန်း အဆမတန်မြင့်မားလာခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များကလည်း ၎င်းတို့၏ ငွေကြေးတန်ဖိုး များ     မကျဆင်းစေရန်နှင့်     အရင်းအနှီးများ ယိုစိမ့်မသွားစေရန် အတိုးနှုန်းများ လိုက်တက်ကြ ရသည်။ နိုင်ငံတစ်နိုင်ငံ၏ ဗဟိုဘဏ်က  အတိုးနှုန်း များ မြင့်တက်သည့်အခါ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအနေဖြင့်   ငွေချေးယူရာတွင်    ပိုမို စရိတ်စကများလာစေသည်။ သို့သော်    ထိုကဲ့သို့ အတိုးနှုန်းမြင့်မားခြင်းသည် ပြည်တွင်းငွေကြေး တန်ဖိုးကို မြင့်မားစေပါသည်။ 
ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း    အကျိုး အမြတ်များစွာ ပိုမိုရရှိနိုင်သည့်အတွက်  အတိုးနှုန်း မြင့်မားခြင်းက ရင်းနှီးမြှုပ်နှံမှုများစွာကို ဆွဲဆောင် လာနိုင်သည်။ သို့သော် အတိုးနှုန်းမြင့်မားခြင်းက လုပ်ငန်းရှင်များနှင့် စားသုံးသူများကို    သွင်းကုန်များ ဝယ်ယူရာတွင် ပိုမို စရိတ်စက    များစေသည်။ ထို့ကြောင့်  သွင်းကုန်ဝယ်လိုအား    ကျဆင်းလာပြီး ကုန်သွယ်လိုငွေပြမှုကို လျှော့ချနိုင်ကာ   အရန်ငွေ ကိုင်ဆောင်ထားနိုင်မှု      တိုးပွားလာစေပါသည်။ ထိုအခါ နိုင်ငံများသည် အရန်ငွေကိုင်ဆောင်ရာတွင် ငွေကြေးပေါင်းစုံဖြန့်၍ ကိုင်ဆောင်လာခြင်းဖြင့် ဒေါ်လာကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များ ကို လျှော့ချရန် ကြိုးပမ်းခဲ့သည်။ ယခုအခါ ဖွံ့ဖြိုးဆဲ နိုင်ငံများသည်    ကိုဗစ်ကပ်အလွန်နှင့်    ရုရှား-ယူကရိန်း ပဋိပက္ခရိုက်ခတ်မှုများအကြား   ရုန်းကန် နေရပြီး ကုန်သွယ်ရာတွင် နိုင်ငံတကာသုံး  ငွေကြေး ဒေါ်လာအစား ပြည်တွင်းငွေကြေးကို   သုံးစွဲရန် စိတ်အား ထက်သန်လာခြင်းဖြင့် ၎င်းတို့၏ ငွေကြေး စီးဆင်းမှုကို ထိန်းသိမ်းလာကြပါသည်။ 
De-dollarization လမ်းကြောင်းပေါ်မှ အာရှနိုင်ငံများ
ဈေးကွက်အခြေပြုစီမံချက်များမှစ၍ နိုင်ငံခြား ငွေသုံးစွဲမှုကို ကန့်သတ်ခြင်း သို့မဟုတ်   တားမြစ် ခြင်းစသော   အစီအမံများစွာဖြင့်     ဒေါ်လာကို   ဖယ်ရှားရန်    ကြိုးပမ်းမှုများစွာ     ရှိလာပါသည်။ အာရှတိုက်တွင် အသုံးအများဆုံး   နည်းလမ်းမှာ ပြည်တွင်းငွေကြေးသုံးကုန်သွယ်မှု (local currency trade-LCT) ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ ၆၀ သည်လည်း ၎င်းတို့၏ သက်ဆိုင်ရာငွေကြေးများဖြင့် ရောင်းဝယ် ဖောက်ကားလျက်  ရှိနေပါသည်။ 
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ၂၀၂၃ ခုနှစ် ဇူလိုင်လတွင်    စတင်ခဲ့သော   ရူပီးငွေကြေးသုံး ကုန်သွယ်ရေးသဘောတူညီချက်သည် LCT ၏ သာဓကတစ်ခု ဖြစ်ပါသည်။ ယင်းသဘောတူညီချက် အရ    အိန္ဒိယနှင့်    ဘင်္ဂလားဒေ့ရှ်လုပ်ငန်းရှင်များ အနေဖြင့် ဒေါ်လာအစား အိန္ဒိယရူပီးဖြင့် ကုန်သွယ် ရမည်ဖြစ်ပြီး   နောက်ပိုင်းတွင်   ဘင်္ဂလားဒေ့ရှ် တာကာ ငွေကြေးကိုလည်း အသုံးပြုသွားမည် ဖြစ်ပါ သည်။ အာဆီယံအဖွဲ့ကြီးသည်လည်း    LCT  ကို တွင်တွင်ကျယ်ကျယ် လည်ပတ်နိုင်ရေး  ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်  မေလတွင် ကျင်းပသော (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တွင် အဖွဲ့ဝင်များက   ဒေသတွင်း    ငွေပေးချေမှု ချိတ်ဆက်ဆောင်ရွက်ရန်နှင့် LCT ကို အသုံးပြုရန် သဘောတူညီခဲ့ကြပါသည်။ 
ယင်းအရွေ့သည်  အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရာတွင်   ဒေါ်လာအသုံးပြုခြင်း    အစဉ် အလာကို ချိုးဖျက်နိုင်မည် ဖြစ်သကဲ့သို့ LCT မှ တစ်ဆင့် ဒေသတွင်း   ကုန်သွယ်မှုတိုးမြင့်လာခြင်း၊ ဘဏ္ဍာရေးပေါင်းစည်းမှုကို    နက်ရှိုင်းလာစေခြင်း၊ ငွေကြေးတည်ငြိမ်မှုရှိပြီး   အကျပ်အတည်းကာလ များတွင်လည်း    ခံနိုင်ရည်ရှိလာစေခြင်း    စသော အကျိုးကျေးဇူးများ ဖြစ်ထွန်းအောင်မြင်လာနိုင်ပါသည်။ 
အာရှတိုက်အနေဖြင့် IMF နှင့်   ဒေါ်လာအပေါ် မှီခိုမှုများကို   လျှော့ချနိုင်ရေး   မျှော်တွေးလျက် တရုတ်နှင့်  မလေးရှားတို့ကလည်း အာရှငွေကြေး ရန်ပုံငွေအဖွဲ့ (AMF) ကို တည်ထောင်ရန် အဆိုပြုခဲ့ ကြပါသည်။ AMF သည် အာရှစီးပွားရေးလုပ်ငန်း များတွင် ပြည်တွင်းသုံးငွေကြေးများကို အသုံးပြုခြင်း ဖြင့် ဘဏ္ဍာရေးအကျပ်အတည်းများကို ရှောင်ရှား နိုင်ရေး ရည်ရွယ်ပါသည်။  AMF နှင့်  အလားတူ The Chiang Mai Initiative Multilateralization (CMIM) ကို ၂၀၀၀ ပြည့်နှစ်ကတည်းက ဖွဲ့စည်းပြီး ဖြစ်သော်လည်း  အကျပ်အတည်းများကို  ဖြေရှင်း နိုင်ရေး ကုစားမရခဲ့ပါ။ 
 အင်ဒိုနီးရှားနိုင်ငံက  အာရှ၏    အမေရိကန် ဒေါ်လာအပေါ် မှီခိုနေရမှုကို  လျှော့ချရေး AMF ကို ဖန်တီးရန် စိတ်ကူးကို သတိကြီးစွာ တုံ့ပြန်ခဲ့သည်။ အင်ဒိုနီးရှားက       ဒေါ်လာသုံးစွဲမှုလျှော့ချရေး တင်းကျပ်သည့်မူဝါဒများ   ချမှတ်ပြီး    ပြည်တွင်း ငွေကြေးဖြင့်သာ ပေးချေခြင်း   (Local Currency Settlements- LCS) ကို အသုံးပြုရန် စတင်ခဲ့သည်။ LCS သည် ကုန်သွယ်ဖက်နိုင်ငံများကို ပေးချေရာတွင် သက်ဆိုင်ရာနိုင်ငံသုံးငွေကြေးကို အသုံးပြုခြင်းကို ဆိုလိုသည်။ (ယင်းမှာ LCT နှင့် သဘောတရားချင်း ဆင်တူပါသည်။) De- dollarization နှင့်ပတ်သက်၍ အာရှ၏   နောက်ထပ်ကြိုးပမ်းမှုတစ်ခုမှာ   အရန် ငွေကြေး အသစ်တစ်ခုဖန်တီးခြင်း    ဖြစ်ပါသည်။ အထူးသဖြင့်  BRICS အဖွဲ့ဝင်လည်း   ဖြစ်သလို အာရှ၏ အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ် နှင့် အိန္ဒိယတို့သည် ငွေကြေးအသစ်တစ်ခု ဖန်တီးပြီး နိုင်ငံတကာကုန်သွယ်ရေးတွင် ဒေါ်လာအပေါ် မှီခိုမှု ကို လျှော့ချရန် နှစ်ပေါင်းများစွာ    ကြိုးပမ်းလျက် ရှိနေပါသည်။ 
ဒေါ်လာအသုံးပြုမှုလျှော့ချရန်
ကြိုးပမ်းလာသော အာဆီယံ
အာဆီယံနိုင်ငံများသည် အမေရိကန်အပါအဝင် အခြားသောဒေသတွင်းနိုင်ငံများနှင့်  ကုန်သွယ်ရာ တွင် ဒေါ်လာကို   တွင်တွင်ကျယ်ကျယ်   အသုံးပြုနေ ရပါသည်။ ယင်းမှာ အီးယူကဲ့သို့  ဒေသတွင်းသုံး ဘုံငွေကြေးမရှိနေခြင်းကြောင့်ဖြစ်ပြီး ထို့ကြောင့်လည်း ကုန်ဈေးနှုန်းအတက်အကျများမှာ ဒေါ်လာငွေကြေး နှင့် အများဆုံးသက်ဆိုင်နေပါသည်။ (၄၂)ကြိမ်မြောက်     အာဆီယံထိပ်သီးအစည်းအဝေးတွင်   ဗဟိုဘဏ် အကြီးအကဲများနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ များ တွေ့ဆုံကြပြီး ငွေကြေးဖလှယ်ရာတွင် ဒေါ်လာ၊ ယူရို၊ ယန်း၊    ပေါင်ငွေကြေးတို့အား    လျှော့သုံးပြီး ပြည်တွင်းသုံးငွေကြေးများဖြင့် ဖလှယ် အသုံးပြုနိုင် ရေး  ဆွေးနွေးခဲ့ကြပါသည်။ 
ယင်းဆွေးနွေးပွဲမှတစ်ဆင့်      ဒေသတွင်း ကုန်သွယ်ရေးကိစ္စရပ်များတွင် ပြည်တွင်းငွေကြေး များကို အသုံးပြုရန် တညီတညွတ်တည်း သဘောတူ ခဲ့ကြသည်။ ထို့ပြင်  အာဆီယံ  ဒေသသုံးငွေကြေး မူဘောင်     ဖွဲ့စည်းတည်ထောင်ရာတွင် စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းအဖွဲ့တစ်ခုကို  ဖွဲ့စည်းရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။   အာဆီယံသည်   ဒေသတွင်း ကုန်သွယ်ရာတွင်       အဆင်ပြေချောမွေ့စေရန် ဒစ်ဂျစ်တယ်ငွေပေးချေစနစ်ကို ကျင့်သုံးရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။ ၂၀၁၆ ခုနှစ်ကတည်းက ထိုင်းဘဏ်နှင့် မလေးရှားဘဏ်တို့သည် ၎င်းတို့၏ သက်ဆိုင်ရာငွေကြေးများဖြင့် တိုက်ရိုက်ပေးချေရန် သဘောတူညီခဲ့ကြပြီး ၂၀၁၇ ခုနှစ်ရောက်သည့်အခါ အင်ဒိုနီးရှားဘဏ်သည်လည်း ယင်းလမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းလာခဲ့ပါသည်။  
အာဆီယံထိပ်သီးညီလာခံ    ကျင်းပချိန်မှစ၍ မလေးရှားသည်လည်း  De-dollarization   ကို ဆောင်ရွက်ရန် တက်တက်ကြွကြွ ပါဝင်လာခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့က မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တရုတ်သမ္မတရှီနှင့် ပေကျင်း တွင် တွေ့ဆုံခဲ့ကြပြီး    ဒေါ်လာ၏    လွှမ်းမိုးမှုကို လျှော့ချရန်နှင့်     အာရှငွေကြေးရန်ပုံငွေအဖွဲ့ကို ဖန်တီးရန် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ အာရှဒေသ တွင်း ငွေကြေးအသုံးပြုမှုမှာ  နည်းပါးသေးသော် လည်း ဈေးကွက်ကို အရှိန်မြှင့်စေသည့် အကြောင်း အချက်များနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ ကြောင့် တဖြည်းဖြည်းအရှိန် မြင့်တက်လာခဲ့ပါသည်။ ယင်းတိုးတက်မှုသည်   ဒေသတွင်း    အသေးစား၊ အလတ်စားလုပ်ငန်းများကို ဖွံ့ဖြိုးစေသည်သာမက ငွေလဲလှယ်နှုန်းကြောင့် ဖြစ်ပေါ်စေမည့်အန္တရာယ်များကိုလည်း လျှော့ချပေးနိုင်ပါသည်။ 
အင်ဒိုနီးရှားအပါအဝင်     အာရှနိုင်ငံများနှင့် အခြားသော   ကမ္ဘာ့နိုင်ငံအများစု၏   ဒေါ်လာကို ဖယ်ရှားရန်ကြိုးပမ်းခြင်း  လှုပ်ရှားမှုများကြောင့် လည်း ကမ္ဘာ့အရန်ငွေကြေးစုဆောင်းမှု   သတ်မှတ် ချက်များတွင် ဒေါ်လာသည်   ယခင်ကထက် သိသိ သာသာ ကျဆင်းလာသည်ကို   တွေ့ရှိရသည်။ IMF အရ ၂၀၀၀ မှ ၂၀၂၂ ခုနှစ်များအတွင်း အမေရိကန် ဒေါ်လာသည် ကမ္ဘာ့အရန်ငွေကြေးဈေးကွက်တွင် ယခင်က  ၇၁ ဒသမ ၁၄ ရာခိုင်နှုန်းခန့်   နေရာ ယူထားရာမှ ၅၈ ဒသမ ၃၆ ရာခိုင်နှုန်းသို့ ကျဆင်း သွားသည့်အတွက် ၁၃ ရာခိုင်နှုန်းလောက် လျော့ကျ သွားကြောင်း တွေ့ရသည်။ 
အာဆီယံဒေသတွင်း ငွေပေးချေစနစ်အပြောင်းအလဲ
အာဆီယံသည် ဒေသတွင်း    ငွေပေးချေမှုနှင့် ပတ်သက်၍   QR code စနစ်ကို     အသုံးပြုပြီး လျင်မြန်ထိရောက်စွာပေးချေနိုင်ရန်   ဆောင်ရွက် နေသည်။ ဖိလစ်ပိုင်၊   အင်ဒိုနီးရှား၊   မလေးရှား၊ စင်ကာပူနှင့် ထိုင်း ဗဟိုဘဏ်တို့သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို‌ ပေးချေရာတွင် QR code စနစ် ကို အသုံးပြုခြင်းဖြင့် ဒေသတွင်းရှိ   စားသုံးသူနှင့် MSME   လုပ်ငန်းရှင်များ     ပိုမိုပါဝင်လာအောင် တွန်းအားဖြစ်စေပါသည်။    


(၄၃)ကြိမ်မြောက်        အာဆီယံထိပ်သီး အစည်းအဝေးတွင်   နယ်စပ်ဖြတ်ကျော်    ငွေပေး ချေမှုများ (Cross-border payments) နှင့် ပတ်သက်၍ သဘောတူညီချက် ချမှတ်နိုင်ခဲ့သည်။ ထို့ကြောင့် အာဆီယံနိုင်ငံများသည်   ပြည်တွင်း ငွေကြေးများကို   အသုံးပြုပြီး   ငွေပေးချေနိုင်ပြီ ဖြစ်ပါသည်။ ယင်းသဘောတူညီချက်အရ ဗဟိုဘဏ် အသီးသီးသည် ပြည်တွင်းငွေကြေးများကို တရားဝင် အသုံးပြုသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ငွေကြေး လဲလှယ်နှုန်းများအပေါ်   မူတည်၍    တန်ဖိုးများ ပြောင်းလဲသတ်မှတ်သွားမည်  ဖြစ်ပါသည်။
နယ်စပ်ဖြတ်ကျော်    ငွေပေးချေမှုစနစ်များကို အသုံးပြုခြင်းဖြင့် ဘဏ္ဍာရေးဆိုင်ရာ ခံနိုင်ရည်များ တိုးမြင့်လာမည်ဖြစ်သလို ဒေသတွင်း  ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံရာတွင် ပြည်တွင်း    ငွေကြေး အသုံးပြုမှု အားကောင်းလာစေမည်  ဖြစ်ပါသည်။ ထို့ပြင် ရေရှည်တွင်လည်း အာဆီယံသည် ဒေါ်လာ အပေါ်မှီတည်၍ ငွေကြေးလဲလှယ်နှုန်း    အပြောင်း အလဲ အတက်အကျများ နည်းပါးလာပြီး   ငွေကြေး တည်ငြိမ်မှုရှိလာမည် ဖြစ်ပါသည်။ ဤသို့အားဖြင့် ဒေသတွင်း   ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံ များအကြား ပိုမိုစုစည်းလာကာ ကမ္ဘာ့အလယ်တွင် ရေရှည်တည်တံ့ခိုင်မာသော ဒေသတွင်း စီးပွားရေး အင်အားစု တစ်ခုအနေဖြင့်    ရပ်တည်လာနိုင်မည် ဖြစ်ပါသည်။ 
အားသာချက်၊ အားနည်းချက်များနှင့် 
De-dollarization
နိုင်ငံအများစုသည်   De-dollarization  ကို အကောင်အထည်ဖော်သည့်   အခြေခံအဆင့်တွင် သာရှိသေးပြီး လေ့လာရမည့်    နယ်ပယ်များစွာ ကျန်ရှိနေပါသည်။ သို့သော် De-dollarization နှင့် ပတ်သက်၍ အတိတ်သင်ခန်းစာများကို နမူနာယူပြီး ၎င်း၏   အားသာချက်၊    အားနည်းချက်များကို သိရှိလေ့လာနိုင်ပါသည်။ De-dollarization သည် မက်ခရိုနှင့် မိုက်ခရိုစီးပွားရေးစနစ်များကို ပေါင်းစပ် ထားပြီး အရောင်းအဝယ်လုပ်ငန်းများတွင် ဒေသ တွင်းငွေကြေးများကို ပိုမိုအသုံးပြုနိုင်ရန် တွန်းအား ဖြစ်သကဲ့သို့ ဒေါ်လာအပေါ် မှီခိုခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သော အကျိုးဆက်များနှင့်    ပတ်သက်၍ လည်း သတိပြုမိလာစေပါသည်။ 
နိုင်ငံများသည် ကုန်သွယ်ရေး ဆောင်ရွက်ရာ တွင် ငွေကြေးများကို ထပ်တလဲလဲ လဲလှယ်စရာ မလိုဘဲ   ၎င်းတို့၏   ကိုယ်ပိုင်ငွေကြေးများဖြင့် တိုက်ရိုက်ကုန်သွယ်နိုင်သည်။ ထို့ပြင်    ဒေါ်လာ အပေါ်မှီခိုမှုလျှော့ချခြင်းဖြင့်    နိုင်ငံများသည် စီးပွားရေးအရ ပိုမိုလွတ်လပ်စွာ လှုပ်ရှားလာနိုင်ကြ သည်။ အမေရိကန်စီးပွားရေးတည်ငြိမ်မှု ရှိ/  မရှိနှင့် မသက်ဆိုင်တော့ဘဲ နိုင်ငံများသည်     စီးပွားရေး အကျပ်အတည်းများကို    လျှော့ချလာနိုင်သလို ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လာနိုင် သည်။ 
အားနည်းချက်များအနေဖြင့် ဒေါ်လာဖယ်ရှား ခြင်းဖြစ်စဉ်ကို ရုတ်ခြည်းဆောင်ရွက်ပါက   ကမ္ဘာ့ စီးပွားရေးတွင် အပြောင်းအလဲများ   ဖြစ်ပေါ်စေပြီး စီးပွားရေးမတည်ငြိမ်မှုကိုလည်း ဖြစ်ပွားစေနိုင်ပါ သည်။ အထူးသဖြင့် De-dollarization ဖြစ်စဉ်အစ တွင်   နိုင်ငံများသည်     ငွေကြေးလဲလှယ်နှုန်း  အတက်အကျကို မကြာခဏ   ကြုံတွေ့ရမည်ဖြစ်သည်။ အကြောင်းမှာ ဒေါ်လာသည် နှစ်ပေါင်းများစွာတိုင် ကုန်သွယ်ရေးတွင် လွှမ်းမိုးထားလျက်ရှိရာ ဒေါ်လာ ကိုဖယ်ရှားပစ်ရန်မှာ အနည်းနှင့်အများ ရိုက်ခတ်မှု များရှိလာနိုင်ပါသည်။     အခြားနိုင်ငံများအနေဖြင့် ဒေါ်လာကိုအစားထိုးရန်    ငွေကြေးအသစ်တစ်ခု ဖန်တီးမည်ဆိုလျှင်တောင်    ကမ္ဘာ့ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်    အရင်းအနှီး    စီးဆင်းမှုများကို ကြီးမားစွာ   ထိခိုက်လာစေမည်ဖြစ်သည်။   ထို့ပြင် ကမ္ဘာ့စီးပွားရေး    အသိုက်အဝန်းအနေဖြင့်လည်း ငွေကြေးအသစ်တစ်ခုကို    လက်ခံကျင့်သုံးရန်မှာ မရေရာသည့်ကိစ္စ  ဖြစ်ပါသည်။ ဥပမာအနေဖြင့် တရုတ်သည် ယခင်က  Petrodollar ကို တုံ့ပြန်ရန် Petroyuan ကို တည်ထောင်ခဲ့ဖူးသော်လည်း နိုင်ငံ အချို့က ပိုနေမြဲကျားနေမြဲ    အခြေအနေတွင်သာ နေထိုင်လိုပြီး ပြောင်းလဲမှုအသစ်များကိုမူ    မလို လားခဲ့ကြပေ။ 
အချုပ်အားဖြင့်ဆိုရသော် De-dollarization သည် ကမ္ဘာ့စီးပွားရေးတွင် အချိန်နှင့်အမျှ တိုးတက် နေဆဲ ဖြစ်စဉ်တစ်ခုဖြစ်သည်။    နိုင်ငံအများစုသည် ဒေါ်လာ၏လွှမ်းမိုးမှုမှ ကင်းလွတ်ရန်၊     ဒေါ်လာ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို လျှော့ချရန် ကြိုးပမ်းရှာဖွေလျက်   ရှိနေကြသည်။ ထင်ရှားသည့် လတ်တလောသာဓကများမှာ  ရုရှား နိုင်ငံသည်   ၎င်း၏ ရူဘယ်ငွေကို  ရွှေနှင့် အာမခံ သည့်ငွေကြေးစနစ်ကို ထူထောင်လိုက်ပြီ    ဖြစ်ပါ သည်။ 
မိမိနိုင်ငံအနေဖြင့်လည်း     ရွှေစုချိန်တန်ပြီ ဖြစ်ကြောင်း ပညာရှင်များ၏ အကြံပြုချက်များကို မကြာခဏ ကြားသိနေရပါသည်။  မူဝါဒရေးဆွဲချမှတ် သူများအနေဖြင့် De-dollarization     ဖြစ်စဉ် စဉ်ဆက်မပြတ် အောင်မြင်သွားရန်နှင့် ပြည်တွင်း သုံးငွေကြေးများ  ဒေါ်လာကဲ့သို့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ရေး        ဆက်လက် ကြိုးပမ်းသွားကြ ရမည်    ဖြစ်ပါသည်။      De-dollarization ၏ အနာဂတ်သည်    မသေချာ မရေရာသေးသော်လည်း ယင်းအတွက်     ကြိုးပမ်းမှုများကိုမူ     ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ပါသောကြောင့် နိုင်ငံများအနေဖြင့်    ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်    လိုအပ် ပါကြောင်း   ရေးသားတင်ပြလိုက်ရပါသည်။    ။

ကိုးကား
The State of De-dollarization in Asia 
and Indonesia
ASEAN to Increase Local Currency 
Trade, Reducing Reliance on the US 
Dollar
What is meant by de-dollarization?